Chapter 34.2:ပြောင်းပြန်ဖြစ်သွားတယ်

4.9K 979 20
                                    

ဂျူလော့စ်ထက် ပိုဆိုးတဲ့လူကို သူ တစ်ခါမှ မကြုံဖူး​ပေ။ ဂျူ​လော့စ်ရဲ့ အတွေးတွေကို သူ လုံး၀ ခန့်မှန်းနိုင်သည် ။ သူ မိုင်နဲကို ရှုံးမှာ ​သေချာ​ပေါက် သိသောကြောင့် မိုင်နဲ ​ဒေါသထွက်တာ ကလွဲ၍ ဘာမှ မလုပ်နိုင်စေရန် ဧရာမ ခြင်္သေ့သားရဲနှင့် ကြိုပြီး ဆက်နွယ်ဖို့ လုပ်လိုက်သည်။

ဆက်နွယ်သားရဲတိုင်း သည် သခင် တစ်ဦးတည်းကိုသာ အသိအမှတ် ပြုကြမည် ဖြစ်သဖြင့် သူနဲ့ ဧရာမ ခြင်္သေ့သားရဲတို့ ဆက်နွယ်ထားသရွေ့ မိုင်နဲရဲ့ ကံ​ကောင်းမှုများ ကုန်ဆုံးသွားပေလိမ့်မည်။ ဒါက အစီအစဉ်ကောင်း တစ်ခု ဖြစ်ခဲ့သည်။

အဝတ်အစားလဲပြီး အိပ်ခန်းထဲက အမြန်ထွက်လာခဲ့သည်။ မိုင်နဲက သူ့ရဲ့လှုပ်ရှားမှုကိုကြားပြီး တံခါးကို ဖွင့်ကြည့်လိုက်တော့ ဝတ်စုံပြည့်ဝတ်ထားပြီး ရုပ်ဆိုးတဲ့မျက်နှာကို ကြည့်ပြီး ​မေးလာသည်။

"ဘာဖြစ်လို့လဲ"

ရှဲ့စန်း က အ​ကြောင်းအရာ ကို အမြန် ပြောပြလိုက်သည်။

"ငါ အရင် သွားလိုက်ဦးမယ်"

"ခဏနေဦး၊ ငါ မင်းနဲ့လိုက်ခဲ့မယ်"

မိုင်နဲက ​ပြော​နေတာနဲ့ အိပ်ခန်းကို ပြန်သွားပြီး တစ်မိနစ် အကြာမှာ ပြန်ထွက်လာခဲ့သည်။

သူတို့နှစ်​ယောက် ကျင်းကျန် စောင့်ရှောက်ရေး စင်တာသို့ ရောက်ရှိလာပြီး ဇုန်4 သို့ တိုက်ရိုက် သွားလိုက်​တော့ ဝင်ပေါက်တွင် တင်းမာနေသည့် ပုံပေါ်သည့် လုံခြုံရေးအစောင့် လေး​ယောက် ​တွေ့လိုက်ရသည်။ ပုံမှန်နဲ့မတူတဲ့ အနေအထားမှာ ရပ်နေကြသည်။ လေးယောက်စလုံးသည် လက်နက်များကိုင်ဆောင်၍ တံခါးကို မျက်နှာမူကာ သတိအ​​နေအထားဖြင့်၊ အဆင်သင့်ဖြစ်သကဲ့သို့ ရပ်​နေကြသည်။

သူတို့ရှေ့က တံခါးက အပြင်သို့ တ​ဖြေး​ဖြေး ပွင့်ထွက်ပြီး မြေပြင်က နည်းနည်းချင်းစီ တုန်နေခဲ့သည်။

ရှဲ့စန်း၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ ဇုန်4ရှိ အဆောက်အဦများ၏ အသံလုံသည့် အကျိုးသက်ရောက်မှုကို သူ သဘောကျခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ အခု ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ဘာအသံမှ မကြားရပေမယ့် ဧရာမ ခြင်္သေ့သားရဲကြီး က တံခါးကို ဆောင့်ကန်နေတယ် ဆိုတာ ခန့်မှန်းဖို့ မခက်​ပေ။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now