Chapter 71 : ဖမ်းဆီးခြင်း

4.3K 838 7
                                    

Chapter 71 : ဖမ်းဆီးခြင်း

ရှဲ့စန်း ခဏလောက် တိတ်ဆိတ်သွားပြီးနောက် မီယာ ကို အိမ်ထဲသို့ ဝင်ခွင့်ပြုရန် တံခါးကို ဖွင့်လိုက်သည်။ နှစ်ယောက်သား ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။ ထွမ်းထွမ်း က ရှဲ့စန်းရဲ့ ပုခုံးပေါ်သို့ ရောက်သွားပြီး သူ့ဘေးနား က တစ်ဖက်လူစိမ်းကို လှမ်းကြည့်လိုက်သည်။

ရှဲ့စန်းရဲ့ စိတ်က ပြေးလွှားနေပြီး ဘာလုပ်ရမလဲ ဆိုတာကို တွေးတောနေသော်လည်း အဲ့ဒါကို ပို၍ တွေးလေလေ ပိုဆိုးလေ ဖြစ်သည်။ မဖျက်ဆီးနိုင်ခဲ့ရင်၊ ဆိုရီယာ က မိုင်နဲ ကို မစွပ်စွဲနိုင်စရာ အကြောင်း မရှိပေ။ ဆိုရီယာ က မိုင်နဲကို ဘယ်လောက်တောင် မုန်းတီးလဲ ဆိုတာကို သူ ကောင်းစွာ သိသည်။

နှုတ်​ခမ်း​လေး​ အပေါ်သို့ ကော့တက်ကာ ယဉ်​​ကျေး​စွာ ပြုံး​နေ​သည်​။

 "ဒုတိယ ဗိုလ်ချုပ်ကြီးကော့စ်၊ ခင်ဗျား နားလည်မှု လွဲနေတယ် ထင်တယ်။ မိုင်နဲ ​နဲ့ ဂျူလော့စ် ကြား ဖြစ်ပျက်​ခဲ့​တာ ​အတွက် ကိုယ်​ချင်းစာပါ​တယ်။ လူသတ်သမား ကို ရှာလိုတဲ့ ခင်ဗျားရဲ့ ဆန္ဒကို ငါတို့ နားလည်ပါတယ်၊ ဒါပေမယ့် ဒါက မိုင်နဲ နဲ့ ဘာမှမဆိုင်ဘူး”

“မင်းက မိုင်နဲ လို ဉာဏ်နီဉာဏ်နက် များတာပဲ”

မီယာ က လှောင်ပြောင်တဲ့ အကြည့်ဖြင့် ပြောလိုက်သည်။ 

“အမှန်တရားကို မတွေ့မချင်း မင်း ယုံမှာ မဟုတ်ဘူး”

ရှဲ့စန်း က "ဟုတ်တယ်၊ ငါ မယုံဘူး။ တကယ်လို့ စောင့်ကြည့်မှု ရှိခဲ့ရင်၊ ခင်ဗျားရဲ့ ဇနီးသည် က လက်တုံ့ပြန်တဲ့နည်းလမ်းတွေ ကို အရူးအမူး လုပ်မယ့်အစား လွန်ခဲ့တဲ့ ရက်တွေ ကတည်းက ဖော်ထုတ်ခဲ့မယ် လို့ ထင်တယ်”

မီယာရဲ့ မျက်နှာ ပျက်သွားသည်။ ရှဲ့စန်းရဲ့ ဆိုရီယာ အကြောင်း ပြောခြင်း က မနှစ်မြို့ဖွယ် အမှတ်တရတွေကို ပြန်လည် ရရှိစေသည်မှာ ထင်ရှားသည်။ သူက ရှဲ့စန်းကို ခက်ခက်ခဲခဲ ကြည့်လိုက်သည်။

 "အဲဒါ Thor က ပျက်စီးသွားတဲ့ မှတ်တမ်း ကို လျှို့ဝှက်ပြီး လွှဲပြောင်းပေးခဲ့တာကိုတောင် သိဖို့ မိုက်မဲလွန်းတာကြောင့်လေ"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now