9. စတင်ခြင်း

5.8K 1.2K 11
                                    

ရှဲ့စန်းအတွက် ​စောင့်​ရှောက်​ရေးစင်တာမှာ လုပ်ရတဲ့​နေရာက​တော့ ယန်ရွှင်​ပြောသလိုပဲ 'သတ်မှတ်ထားတဲ့ အလုပ်မရှိဘူး' သူ့ကို လိုအပ်တဲ့ ဘယ်​နေရာမဆို ကူညီ​ပေးရသည်၊ ယန်ရွှင်​ကြောင့် အလုပ်​နေရာမျိုးစုံကို သိလာပြီး အလုပ်လုပ်တာ မြန်လာခဲ့သည်၊ သူနဲ့ အသင့်​တော်ဆုံး​ဌာနကို ရှာ​တွေ့ခဲ့သည်။

ရှဲ့စန်း ​ရောဂါကုထုံးဌာန၊ အပန်း​ဖြေ​ရေးဌာန၊ ​ဆေးဘက်ဆိုင်ရာ ​စောင့်​ရှောက်​ရေးဌာန၊ အစာ​ကျွေးသည့်ဌာန စသည်ဖြင့် အစုံသွားခဲ့ရသည်၊၊ သူ့အလုပ်​တွေက သန့်ရှင်း​ရေး၊ ​စိုထိုင်းမှုထိန်းစက် နဲ့ အပူချိန်ထိန်းကိရိယာ ထိန်းညှိ​ပေးခြင်း၊ ဆက်နွယ်သားရဲ​တွေကို အစာ​ကျွေးခြင်း၊ ​ရေချိုး​ပေးခြင်း၊ စသည်ဖြင့် အစုံလုပ်ရသည်။

အလုပ်စဝင်တာနဲ့ နားချိန် မရှိ​လောက်​အောင် အလုပ်များ​နေခဲ့​ပေမယ့် ရလဒ်က​တော့ ​တော်​တော်​ကောင်းခဲ့သည်။ သုံးနာရီ မကြာ​သေး​ပေမယ့် စွမ်းအင် ငါးခု စု​ဆောင်းလို့ရခဲ့ပြီး အခု သူ့မှာ စွမ်းအင် ကိုးခုရ​နေပြီဖြစ်သည်။

စွမ်းအင် အကုန်လုံးက ဆက်နွယ်သားရဲ​တွေကို ​ဆေးထိုးတဲ့​နေရာမှာ ​စောင့်​ရှောက်သူ​တွေကို ကူညီ​ပေးရင်း ရလာတာဖြစ်သည်။

​လေးနာရီ​ထိုးခါနီးမှာ သူ့လက်​ကောက်က ရုတ်တရက်ထမြည်လာခဲ့သည်။ ခဏစဥ်းစားလိုက်​တော့ ဒီဟာက မနက်တုန်းက သူ​ပေးခဲ့တဲ့ alarm ဖြစ်​နေတာကို မှတ်မိသွားသည်။ 'ဘာပြဿနာမှ မဖြစ်​အောင် သူအနားယူဖို့ လိုမယ်' ဟု အက်ဒမ် က သတိ​ပေးခဲ့သည်။

သူတစ်မနက်လုံး ဘာမှမစားရ​သေးတဲ့အပြင် နာရီဝက်ပဲ နားရ​သေးသည်။ သူ​တော်​တော် အိပ်​ပျော်သွားပြီး alarm ၂ခါ​လောက်မြည်ပြီးတဲ့အချိန် သူမူး​နောက်စွာ နိုးလာခဲ့သည်၊၊ ပြီး​နောက် သူ့ကိုယ်သူ တွန်းအား​ပေးပြီး အလုပ်ဆက်လုပ်​နေခဲ့သည်။

အနားယူချိန် ပြီးသွားတဲ့အခါ ဆက်နွယ်သားရဲ​တွေကို အစာ​ကျွေးဖို့ အလုပ်တစ်ခု လက်ခံရရှိခဲ့သည်။ အစာ​ကျွေးတဲ့နေရာ​ကို ထွက်လာတဲ့ အချိန်မှာ ၅နာရီ ထိုးပြီးလို့ ၁၅မိနစ်​ကျော်​နေပြီ၊ သူ့အလုပ်ချိန်ပြီးဖို့ ၅၅မိနစ်​လောက်ပဲလို​တော့သည်။ အချိန်ပိုင်းအကူ လုပ်ပြီး​နောက်မှာ သူ့စွမ်းအင်က ၁၀ နားကပ်​နေပြီး ဒီ​နေ့ အပင်တစ်ပင်ရဖို့ ဖြစ်နိုင်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now