Chapter 39 : ပုံမှန်!!!(Uni)

5.3K 922 5
                                    

Chapter 39 : ပုံမှန် !!!

ရှဲ့စန်း သူ့ကိုယ်ပိုင် လှုပ်ရှားမှုများကို ထိန်းချုပ်ရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း သူ့ခန္ဓာကိုယ်က သူ့စိတ်နှင့်သူ ဖြစ်သွားသလိုမျိုး ထိန်းချုပ်မှု မရှိ​တော့တဲ့ ပုံပေါ်သည်။ သူက မိုင်နဲကို စိုက်ကြည့်နေသည်။

 “မင်း အရမ်း တော်တာပဲ၊ မင်း ဘာဖြစ်လို့ မရှောင်တာလဲ?"

မိုင်နဲ က သူ ​ပြောချင်တာကို  နားမလည်သဖြင့် မလှုပ်ဘဲ နေရာတွင် ​နေနေခဲ့သည်။ သူ ပိုပို နီးကပ်လာတာ ကို ခွင့်ပြုထားလိုက်ပြီး နောက်ဆုံးမှာ သူတို့ နှုတ်ခမ်းချင်း ဆုံသွားသည်။

ရှဲ့ရန်းရဲ့ စိတ်ထဲမှာ ပထမဆုံး ​ပေါ်လာတဲ့ အတွေးက 'သူ့အမူအရာက အေးစက်လွန်းပေမယ့် သူ့နှုတ်ခမ်းတွေက အရမ်းနူးညံ့လွန်းတယ်' ၊နောက်အတွေးတစ်ခု က 'ပြီးသွားပြီ'။ 'ပြီးသွားပြီ' ဆိုသော စကားလုံးက သူ့ရဲ့ ပထမဆုံး အတွေးကြောင့်လား ? ဒါမှမဟုတ် မိုင်နဲကို အခွင့်ကောင်းယူပြီး သတိလစ်သွားကာ မိုင်ပေါ် လဲကျသွားတာ​ကြောင့်လား? သူ မသိ​တော့​ပေ။

ရှဲ့စန်း လဲကျသွားတာနဲ့ မိုင်နဲက သူ့ဓားမြှောင်ကို ပြန်ယူရန် အမြန် ရွှေ့လိုက်သည်။ ရှဲ့စန်း ချဉ်းကပ်လာသည်နှင့်အမျှ သူသည် မသိစိတ်က အသိစိတ် ပြန်ရနေပြီဖြစ်ကြောင်း သိလိုက်ရသည်။

သူ သတိလစ်နေသော ရှဲ့စန်း ကို စိုက်ကြည့်ရင်း သူ့မျက်လုံးများ ပြောင်းလဲသွားပြီး အေးစက်သွားကာ နောက်ဆုံးတွင် သူ့အကြည့်များက ရှဲ့စန်း၏ လည်ပင်းပေါ်သို့ ရောက်လာသည်။ သူ၏ လက်ချောင်းများဖြင့် ရှဲ့စန်း၏ ဒဏ်ရာရ​နေ​သော ​နေရာကို ပွတ်သပ်ကာ သူ့လက်ချောင်းများ အပေါ်သို့ စီးကျနေသော သွေးများကို သုတ်လိုက်သည်။ သူ့လက်ချောင်းကို ခဏလောက်ကိုင်လိုက်ပြီး ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်လိုက်သည်။ သွေးအရသာက သူ၏ အရသာ ခံနိုင်တဲ့မှုတွေကို လှုံ့ဆော်ပေး​နေသည်။ အနည်းငယ် မျက်မှောင်ကြုတ် သွားပြီး​နောက် မျက်လုံးများ က အနည်းငယ် ကြည်လင်လာသည်။ အမှောင်ထုတွေ မရှိတော့​ပေ။

"ထ​တော့!" သူ ရှဲ့စန်းကို သူ့လက်​မောင်းနှင့် ဖက်ပြီး နှိုးဖို့ ကြိုးစားကာ မျက်နှာကို ပုတ်လိုက်သည်။ တောထဲရှိ အဆိပ်အတောက်နှင့် လှုပ်ရှားနေသော အပင်မျိုးစုံအကြောင်း တွေးရင်း သူ အံကြိတ်လိုက်သည်။ သူ ရှဲ့စန်းကို မြေကြီးပေါ်တွင် ချထားပြီး ရှဲ့စန်း၏ ခြေ၊လက်နှင့် လည်ပင်း အစိတ်အပိုင်းများကို အပင်များမှ အကိုက်ခံရခြင်း သို့မဟုတ် ဒဏ်ရာရခြင်း မရှိကြောင်း သေချာအောင် စစ်ဆေးခဲ့သည်။ သူ့လက်ဖဝါးမှ ခြစ်ရာကလွဲလို့ ဘာမှမရှိသဖြင့် သူ့မျက်နှာ အမူအရာ ပြေလျော့သွားသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now