Chapter 66 :ပါတနာ အသစ်များ

5.3K 893 26
                                    

Chapter 66 :ပါတနာ အသစ်များ

​လောင်ထန်း နှင့် ​ဟောင်ဖန်းတွင် သင်္ဘောနှစ်စင်း ရှိသည်။ ရွှယ်ယွဲ့ နှင့် တာ့​ဟေး တို့က သူတို့ရဲ့ ဆက်နွယ်​နေရာ​တွေထဲသို့ အထည့်ခံထားရပြီး နေရာယူထားခြင်းမရှိတာကြောင့် စပါးအုံး​​မြွေကြီး နှင့် သံချပ်ကာသားရဲကြီးသာ သင်္ဘောပေါ်တွင် ရှိကာ လှည့်ပတ်ရန် နေရာများပင် ရှိ​နေသေးသည်။

ညနေ ၈နာရီတွင် သင်္ဘောသည် ဘရန့်ဒ်ဂြိုလ်ရဲ့ အာကာသစခန်း သို့ အချိန်မှန် ဆင်းသက်ခဲ့သည်။ စပါးအုံးမြွေကြီးနှင့် သံချပ်ကာသားရဲကြီး ပေါ်လာသည်နှင့် တပြိုင်နက် သူတို့က ချက်ချင်းပဲ အာရုံစိုက်ခံလိုက်ရသည်။

ကံကောင်းစွာနဲ့ပဲ ရှဲ့စန်း က စွင်း​​မောင်း ကို ကြိုတင် ဆက်သွယ်ခဲ့ပြီး ကျင်းကျန် က သူတို့ကို ခေါ်ဖို့ လွန်းပျံယာဉ်ကြီး ကို စေလွှတ်ခဲ့သည်။

ကြည့်ရှုသူ​တွေကြောင့် စိတ် ကသိကအောင့် ဖြစ်သွားတဲ့ သူတို့၂​ကောင်အား ငြိမ်သက်​စေခဲ့ပြီး လွန်းပျံယာဉ်ကြီးပေါ်သို့ တက်ကာ လိုက်ပါသွားရန် ညွှန်ကြားထားသောကြောင့် လူအုပ်ရဲ့ မြင်ကွင်းမှ အမြန် ပျောက်ကွယ်သွားခဲ့သည်။

​ဟောင်ဖန်း က သူ့မှာ ဆက်နွယ်သားရဲ​တွေ ကို ဂရုစိုက်စရာရှိတာ မြင်​တော့ နှုတ်ဆက်သွားပြီး ​လောင်ထန်းက ရှဲ့စန်း နဲ့ မိုင်နဲတို့ အ​နောက် လိုက်ကာ ကျင်းကျန်သို့ လိုက်သွားခဲ့သည်။

မိနစ်၂၀ ကြာပြီးနောက် ရှဲ့စန်း က စပါးအုံး​မြွေ သားရဲနှင့် ဧရာမ သံချပ်ကာသားရဲ ကို ဇုန် 4-5 သို့ ​ခေါ်​ဆောင်လာခဲ့သည်။ သူတို့ ဝင်လာတဲ့ အချိန်မှာ ဧရာမ ကျားသစ်နက်ကြီး က liveကို ပိတ်ရန် အသင့် ဖြစ်နေပြီး ထောင့်သို့ သွားနေသည်။

ကြည့်ရှုသူ​တွေ က ရှဲ့စန်း နှင့် သူ့အနားရှိ ဆက်နွယ်သားရဲ နှစ်ကောင်ကို တွေ့လိုက်ရတဲ့ အခါ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်၊ ထို့ကြောင့် ဧရာမ ကျားသစ်နက်သားရဲကြီးက နံရံဆီသို့ လျှောက်လှမ်းလာသည် ကို တွေ့လိုက်ရသောအခါ လျှင်မြန်စွာရိုက်ပြီး live မျက်နှာပြင်ရှေ့တွင် အော်ဟစ်လိုက်ကြသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now