Chapter 90 : သတင်းစာ ရှင်းလင်းပွဲ

4.7K 817 6
                                    

Chapter 90 : သတင်းစာ ရှင်းလင်းပွဲ

နောက်တစ်နေ့ မနက် ရှဲ့စန်းနဲ့ မိုင်နဲတို့ မနက်စာ စားပြီးချိန် ​လောင်ထန်းနဲ့ ပိုင်​ကျောင်းတို့ က သူတို့အား ကူညီ​ပေးရန် လာခဲ့ကြသည်။ သူတို့ရဲ့ ပစ္စည်း​တွေ ကို ရွှေ့ရာ၌ ​နေရာလွတ်အိတ် ရှိခြင်း က အရမ်း အဆင်ပြေသည်။ သူတို့ ၄​ယောက် လက်ထဲမှာ ဘာမှမရှိသေး​ပေ။

ရှဲ့စန်း အ​ဆောင်​​ပြောင်းဖို့ အတွက် သူတို့ရဲ့ ခရီးဆောင်အိတ်တွေ ကို လက်ထဲမှာ ကိုင်ပြီး ခက်ခက်ခဲခဲ သွားခဲ့တဲ့ နေ့ရက်တွေကို တွေးကြည့်လိုက်မိကာ ​နေလို့​ကောင်းသွားသည်။ မိုင်နဲ က အိမ်ရှင်ကို ဆက်သွယ်ပြီး တိုက်ခန်းထဲ က ထွက်သွားခဲ့သည်။ စာရွက်စာတန်းတွေ ရှင်းပြီး​တော့ သူတို့ လေးယောက် က သူတို့ရဲ့ နေရာသစ် ကို သွားခဲ့ကြသည်။

အိမ်ကို ​နေရာချဖို့ အချိန်ယူခဲ့ရပေမယ့် မိုင်နဲ နဲ့ ​လောင်ထန်းတို့ က ပရိဘောဂတွေ ကို သူတို့ လိုချင်တဲ့ နေရာတိုင်းမှာ ထားနိုင်လောက်အောင် သန်မာတာကြောင့် ရွှေ့ရတာ ခက်ခက်ခဲခဲ မရှိခဲ့​ပေ။

၂နာရီ မပြည့်ခင်မှာပဲ ရှဲ့စန်း နဲ့ မိုင်နဲတို့ရဲ့ အိမ်အသစ် ကို ​နေရာချပြီးသွားခဲ့သည်။ စောနေသေးတာ မြင်​တော့ ရှဲ့စန်း က ယာမူ တိုက်ကြီးမှ ရရှိခဲ့တဲ့ အပင်မျိုးစေ့​တွေ ကို ထုတ်ယူကာ သူတို့ထဲမှ မြင့်မားတဲ့ သစ်ပင်မျိုးစေ့​​တွေ ကို ရွေးချယ်ခဲ့သည်။

​လောင်ထန်း က "ဒါက ဘာအတွက်လဲ" လို့ စပ်စုပြီး မေးလိုက်သည်။

ရှဲ့စန်း အိမ်​ဘေး က မြေအတွက် သူ့အစီအစဉ် ကို ပြောပြလိုက်သည်။

"ဒီသစ်ပင် မျိုးစေ့တွေ ကို အရင် စိုက်မယ်"

ညံ့ဖျင်းတဲ့ မြေဆီလွှာ အရည်အသွေး ကို တွေးတောမိ​တော့ ဖရဲသီးအစေ့အချို့ ကို ဦးစွာ ထုတ်ယူခဲ့သည်။

စနစ်မှ အပင်​တွေ က မြေဆီလွှာ အရည်အသွေး ကို မြှင့်တင်ပေးတာကြောင့် သစ်ပင်​တွေ ချောမွေ့စွာ ကြီးထွားနိုင်မည် ဖြစ်သည်။

​လောင်ထန်း က စပ်စုစွာနဲ့ ပိုင်​ကျောင်း​ အနောက် လိုက်ကာ အပြင်ကို လိုက်ထွက်သွားသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now