2. အပင်များရှားပါးခြင်း

7.1K 1K 4
                                    

​သေးငယ်တဲ့ ဆိုင်ရဲ့ပိုင်ရှင် က အရပ်ရှည်ပြီ းသန်မာတယ်၊ သူ ရှဲ့စန်းရဲ့ ခုံ​ဘေးမှ ာလာရပ်​နေတာ က ရှဲ့စန် းအတွက် ဖိအားများ​စေတယ်၊ ရှဲ့စန် းသူ့လက် ကို ​ဝှေ့ယမ်းလိုက်ပြီ

" မဟုတ်ဘူး၊ မဟုတ်​သေးဘူး​နော်၊ အစ်ကိုကြီး ကျွန်​တော်က ရိုးသားပါတယ်၊ တစ်ခြားလူ​တွေ ကို မရှာပါဘူး အဆင်​ပြေပြီလား။"

သူ​ဌေးက သူ့ကို မျက်​မှောင်ကြုပ်ကာ အ​ပေါ်​အောက် တစ်ချက်ကြည့်ပြီ

" မင်း liveလွှင့်​နေတာလား "

"ဟမ်" ရှဲ့စန်း သူ့ရဲ့ ရုတ်တရက်​ မေးလိုက်တဲ့ ​မေးခွန်း​ကြောင့် ​ကြောင်သွားတယ်၊ သူ​ဌေးရဲ့ အ​တွေး​တွေ က အရမ်းထူးဆန်းတာပဲ၊

"မဟုတ်ပါဘူး၊ ကျွန်​တော်က ​နေ့လည်စာစားဖို့အတွက် ဖြတ်သွားရုံပါ"

"သူ liveလွှင့်​နေတာလို့ ငါ ထင်တာပဲ၊ ဒါအရင်တုန် းက နာမည်ကြီးသွားတဲ့ videoမဟုတ်ဘူးလား "

"ငါလည်း အဲ့ဒီလိုပဲ ထင်တယ်"

ရှဲ့စန်း အံ့အားသင့်သွားတယ်၊ စားသုံးသူ​တွေ က သူ့ကို လက်ညှိုးထိုးပြီး ပြင်းပြင်းထန်ထန်​ ဝေဖန်​နေကြတယ်၊ သူ နားစွင့်ပြီး နား​ထောင်ကြည့်လိုက်တဲ့ အချိန်မှာ သူတို့ ဘာ​ကြောင့် သူ့ကို liveလွှင့်တယ် ထင်​နေလည်း နားလည်သွားတယ်။

လွန်ခဲ့တဲ့ နှစ်ရက်​လောက် က နာမည်ကြီးlive streamer တစ်​ယောက် က ရှင်းချန်မှာ ရှိတဲ့ လူ​တွေကို ဆွဲ​ဆောင်ဖို့ videoတစ်ခု တင်ခဲ့တယ်၊ videoထဲမှာ ​သေးငယ်တဲ့ ဆိုင်​လေးကို ရှာပြီး အစားအ​စာ မှာခဲ့တယ်၊ သူတို့ အစားစားပြီးတဲ့ အချိန် သူ​ဌေးကို ​အော်​ပြောခဲ့တယ် "သူ​ဌေး အချိုတည်းဖို့ အသီး တစ်ပန်းကန်​လောက်​ပေးပါ" အဲ့ဒီ့စကား က သူ​ဌေးကို မူး​မေ့သွား​စေရုံမကဘဲ ပရိသတ်​တွေကိုပါ ကျယ်ကျယ်​​လောင်​လောင် ရယ်​မောသွား​စေခဲ့တယ်။

ရှဲ့စန်း အ​ကြောင်းပြချက် ကို သိပြီးတဲ့​​နောက်မှာ ပိုရှုပ်​ထွေးသွားခဲ့တယ်၊ ဒါက ရယ်စရာပါလို့လား။

" Liveလွှင့်​နေတာလား သိရ​အောင် မင်းရဲ့ ဆက်သွယ်​ရေး ကိရိယာ ကို ကြည့်ပါရ​စေ "သူ​ဌေး က​ ပြောလာခဲ့တယ်

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now