13. စက္ကန့်ပိုင်းအတွင်း အနိုင်ရခြင်း

5.4K 1.1K 11
                                    

ရှဲ့စန်း စာပို့ပြီး မကြာခင်မှာပဲ တစ်ဖက်လူဆီ က အနီ​ရောင်စာအိတ် ကို လက်ခံရရှိခဲ့သည်  "၂၀၀၀". ရှဲ့စန်း ပြုံးလိုက်ပြီး '​ကျေးဇူးတင်ပါတယ်' လို့ စာပြန်လိုက်သည်  Forumကို သွားပြီး ၂၀၀၀ကို ​သွားမယ့်ဘက်ထားလိုက်သည်

Forumမှာ သူ့ကိုယ်သူ ​လောင်းပြီး​​နောက် နည်းနည်းစိတ်လှုပ်ရှား​နေသည် တခြားအ​ကြောင်း​ကြောင့် မဟုတ်ပါဘူး ဒီမှာရှိတဲ့​ကျောင်းသား​တွေ အကုန်လုံးနီးပါးက ပွဲကြည့်ပရိသတ်​တွေဖြစ်ပြီး လောင်းတဲ့သူ​တွေက ​တော်​တော်နည်းပြိး ၁၀၀​လောက်သာ​လောင်းနိုင်ကြသည်

​လောင်း​ကြေး ကြယ်ဒင်္ဂါး ၂၀၀၀​ ရုတ်တရက်​ပေါ်လာတာက အရမ်းအထိတ်တလန့် ဖြစ်စရာ​​ကောင်း​နေသည်  ဘယ်သူမှ သိပ်မ​လောင်းတဲ့​နေရာမှာဆို​တော့ ရည်ညွှန်း​ပြောစရာ လိုမယ်မထင်​တော့ဘူး

[ သစ်ပင်သုံးပင် က ဘယ်သူလဲ ​ပိုက်ဆံရှိပြီး ဦး​နှောက်မရှိတဲ့သူ ငါတို့​ကျောင်းမှာရှိ​​နေ​တာလား ]

[ ​ကျောင်းသား မင်း လက်တုန်ပြီး အမှားလုပ်မိတာ​တော့ မဟုတ်ဘူး မဟုတ်လား လုပ်မိတာလား ]

[ သူက ချမ်းသာပြီး ​ပြောင်းလဲလွယ်တဲ့သူ ဖြစ်မယ် တခြားတစ်ဖက်မှာ ​လောင်းတဲ့လူ နည်းနည် းရှိတယ် နိုင်ဖို့ မ​သေချာဘူး​လေ ]

[ ဘယ်သူက ပိုက်ဆံ လိုချင်​နေလို့လဲ ​လောင်းတဲ့​နေရာမှာ မှန်ရင် "ရှင်းချန် တက္ကသိုလ်ရဲ့ ဒီနှစ်အတွက် ကံ​အကောင်းဆုံး ဘုရင်" ဘွဲ့  လိုချင်လို့ ]

[ ငါလည်း အတူတူပဲ ]

ရှဲ့စန်း အဲ့ဒီ့ စကားလုံ းကို ကြည့်လိုက်ပြီး ရှာဖတ်လိုက်သည်။ နှစ်စဥ်အမြဲ forum မှာ ​လောင်းတာ အများဆုံး မှန်တဲ့သူ ကို '​ကံ အကောင်းဆုံး ဘုရင်' ဘွဲ့​ပေးပြီး ဆု​တွေ အများကြီး​ပေးသည်

လူ​တွေ​ တော်​တော်များများ ​လောင်းကြတာ အံသြစရာ မလို​တော့ဘူး တစ်​ယောက်ချင်းစီရဲ့ ​လောင်း​ကြေးက အရမ် းမများပါဘူး တစ်ဖက်မှာ ​လောင်းတဲ့လူ မရှိ​ပေမယ့် တစ်ဖက်မှာ​တော့ အကြိမ်တိုင်း တိုးလာ​နေသည်။

သူ အစာ စားပြီးတဲ့ အချိန်မှာ ၁၂ နာရီ ထိုး​တော့မည်။ ​လောင်း​ကြေးက ၁၂နာရီ ၅မိနစ်မှာ ပိတ်မှာ ဖြစ်သည်။ကန်တင်း ​ထောင့်မှာ ​ကျော​ပေးပြီး ထိုင်​နေ​တော့ သူ့ကို ဘယ်သူကမှ မမြင်ကြဘူး သူ နာရီကို ကြည့်လိုက်သည်။  

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now