10. ​လေ့ကျင့်ခြင်း

5.9K 1.1K 6
                                    

ရှဲ့စန်း ​နောက်တစ်ရက်အတွက် ယန်ရွှင်ကို ​မေးပြီး အလုပ်က​နေထွက်လာခဲ့သည်။ သူ့စိတ်ထဲမှာ system အ​ကြောင်းပဲရှိ​နေပြီး အိမ်ကို တိုက်ရိုက်ပြန်လာခဲ့သည်။ သူ့ အိမ်​နေရာကို လက်​ကောက်က​နေ ရှာ​နေရင်း သူဖြတ်သွားတဲ့ supermarkets​တွေကို စစ်​ဆေးကြည့်​နေသည်။ သူပိုက်ဆံစုလို့ရ​အောင် ကိုယ့်ဟာကိုယ် ဟင်းချက်ချင်​နေသည်။

သူကိုယ်တိုင်ချက်ရတာကို ကျင့်သားရ​နေသည်။

သူ​နေတဲ့​နေရာနားမှာ supermarketတစ်ခုရှိ​နေပြီး အများသုံးယာဥ်နဲ့ အနီးဆုံး​နေရာဆင်းလိုက်ပြီး supermarketကို လမ်း​လျှောက်သွားခဲ့သည်။

ဘရန့်ထ်ဂြိုလ်မှာရှိတဲ့ supaermarket​တွေက သူ့အရင် ကမ္ဘာက supermarket​တွေနဲ့ အတူတူပင် ဖြစ်သည်။ ဒါ​ပေယ့် အစားအစာကို လတ်ဆတ်တာနဲ့ အ​ခြောက်ခံထားတာ ဆိုပြီး နှစ်မျိုးခွဲထားသည်၊၊

လတ်ဆတ်တဲ့အပိုင်းမှာ ​ရေခဲ​သေတ္တာ မျိုးစုံဖွင့်ထားပြီး တစ်တန်းစီတိုင်းမှာ အသားတစ်မျိုးစီ ရှိ​နေသည်။ အသားဝယ်နေတဲ့ လူ​တွေ အများကြီးရှိ​နေသည်။ အားလုံးက အဓိက အစားအစာ​တွေဖြစ်သညိ။ ရှဲ့စန်း ချက်ချင်း မဝယ်ခဲ့ဘဲ အသား​​စျေးနှုန်းကို လိုက်ပတ်ကြည့်​နေမိသည်။

ကြီးမားတဲ့သားရဲ အသားက တစ်​ပေါင်ကို ကြယ်ဒင်္ဂါးပြား ၅ပြား ကုန်ကျပြီး သူဝယ်စားဖူးတဲ့ ​နေ့လည်စာဘူးမှာပါတဲ့ အသားက ဒီလို အသားမျိုးဖြစ်သည်။ ​သေးငယ်တဲ့သားရဲ အသားက တစ်​ပေါင်ကို ကြယ်ဒင်္ဂါး ၁၀ပြား ကျပြီး ငှက်ရဲ့အသားက တစ်​ပေါင်ကို ကြယ်ဒင်္ဂါး ၁၅ပြား ကုန်ကျသည်။ ငါးရဲ့အသားက ​စျေးအကြီးဆုံးဖြစ်ပြီး တစ်​ပေါင်ကို ကြယ်ဒင်္ဂါး ပြား၂၀ ကုန်ကျသည်။

ငါးထည့်ထားတဲ့ အံဆွဲကို ခဏ​လောက် ကြည့်​နေပြီး ​နောက်ဆုံးမှာ ကြီးမားတဲ့သားရဲ အသား ၃​ပေါင် ဝယ်လာခဲ့သည်။

သူ့လက်ထဲ ပိုက်ဆံမရှိ​တော့မှာ ထိတ်လန့်​နေခဲ့သည်။ အချိန်ပိုင်းအလုပ် လစာကို စင်တာက တစ်ပတ်​နေမှ တစ်ခါရှင်း​ပေးမှာ၊ သူနည်းနည်းစုထားမှရမယ်။

အိမ်ပြန်ပြီး အသားကင်လုပ်လိုက်သည်၊ အရသာ အရမ်း​ကောင်း​ပေမယ့် နှစ်ရက်ဆက်တိုက် စားလိုက်​တော့ နည်းနည်း ငြီး​ငွေ့သွားသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now