Chapter 45 : ဆင်းသက်ခြင်း

5K 970 17
                                    

Chapter 45 : ဆင်းသက်ခြင်း

​လောင်ထန်း သည် ယာဉ်​မောင်းရဲ့ အံ့အားသင့်မှုကို လုံးဝ နားမလည်ဘဲ ပြုံးပြုံးကြီး ​ပြောလိုက်လိုက်သည်။ 

"ကျွန်တော်တို့က ရှင်းချန် ကပါ"

ယာဉ်​မောင်း က သူ့မျက်နှာတွင် 'မင်း ငါ့ကို နောက်နေတာလား' ဆိုတဲ့ အကြည့်နဲ့ မျက်လုံးကို လှန်လိုက်​တော့ ပိုင်​ကျောင်း က ရယ်လိုက်သည်။ ရှဲ့စန်း သူတို့ကို လျစ်လျူရှု၍ ဖရဲသီးနွယ်ပင်ကို ခေါ်ကာ သူ့ကို ချည်ခိုင်းလိုက်ပြီး တံခါးဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားလာသည်။ ဖရဲသီးနွယ်ဖြင့် ကာကွယ်ထား သော်လည်း သူစိတ်မပူဘဲ မ​နေနိုင်သေးပေ။

ပထမအကြိမ်က သူ့ကိုယ်သူ အမြင့် ကြောက်တယ် လို့ထင်ခဲ့တာ။

​လောင်ထန်း က သူ့လက်​မောင်းကို လှမ်းဆွဲလိုက်သည်။

 “မကြောက်ပါနဲ့၊  ငါတို့ ​အောက်ကို တစ်မိနစ်အတွင်း ​ရောက်လိမ့်မယ်"

ရှဲ့စန်း သူ့ကို ပြုံးပြပြီး အသက်ပြင်းပြင်းရှူကာ ကျောခိုင်းပြီး သူ့ခန္ဓာကိုယ်ကို အရင် ထွက်လိုက်တယ်။ ထို့နောက် ခြေ​ထောက်ဖြင့် ဆွဲလှေခါးပေါ် တက်ကာ လက်နှစ်ဖက်ကို လှေကားရဲ့ ဘေးနှစ်ဖက်သို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။ ထို့​နောက် မတ်တပ်ရပ်ကာ ​လောင်ထန်း အား “အဆင်ပြေပါတယ်” ဟုပြောလိုက်သည်။

​လောင်ထန်း လက်လွှတ်လိုက်သည်။ ရှဲ့စန်း လှေကားကို ငုံ့ကြည့်ကာ ဖြည်းညှင်းစွာ အောက်သို့ ဆင်းသွားလိုက်သည်။ လှေကားသည် သူ့ရဲ့ လှုပ်ရှားမှုကြောင့် ယိမ်းနွဲ့သွားကာ သူ မတုန်ဘဲ မနေနိုင်​ပေ။ အောက်ကိုငုံ့ကြည့်ပြီးနောက် မျက်လုံးကို အမြန်လွှဲလိုက်သည်။

ကြောက်စရာ ကောင်းလိုက်တာ!!!

ဖြေးဖြေးချင်း ဆက်ဆင်းဖို့က အရမ်း ရက်စက်လွန်းသည်။ “ငါ့ကို သယ်ပြီး လှေကား​ ဘေးက​နေ ဖြည်းဖြည်းချင်း ဆင်းသွားပါ” ဟု စိတ်ထဲက​နေ ညွှန်ကြားလိုက်သည်။

ဖရဲသီးနွယ်ပင်က သူ့ကို လှေကားမှ လှမ်းဆွဲလိုက်သည်။ သူသည် ဆွဲငင်အား ခံစားလိုက်ရပြီး လက်လွှတ်လိုက်သည်။ သူ့လက်တွေ၊ခြေတွေ က လှေကားကနေ တစ်ပြိုင်နက်တည်း လွတ်ထွက်သွားကာ နွယ်ပင်တွေ မြှောက်တာခံလိုက်ရပြီး အဲဒီမှာ ​မျော​နေသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now