ပြန်လည်​မွေးဖွားခြင်း 1.1

11K 1.1K 6
                                    

ရှဲ့စန်း ​နေ့တိုင် းအသီးအရွက်​တွေနဲ့ အသီး​တွေသာ စား​နေရပြီး အသား မစားရတာ​တောင် ​တော်​တော် ကြာ​နေပြီ

အဲ့ဒါက အဆင်မ​ပြေဘူး၊ ရှဲ့စန်း အာလူးမီးဖုတ် စားပြီး​နောက် တံခါး​ဘောင် ကို မှီပြီး တံခါး အက်ကွဲ​ကြောင်းမှ တစ်ဆင့် ဖြူဖပ်ဖြူ​ရော် မျက်နှာဖြင့် အပြင်သို့ ကြည့်​နေမိသည်။တံခါးက အလွန် တိတ်ဆိတ်​နေပြီး သူ့အသက်ရှူသံ တစ်ခုပဲ သူကြား​နေရသည်။

တံခါး​ဘောင်ကို မှီပြီး မိုးချုပ်တဲ့ အထိ အပြင်ကို ကြည့်​နေမိသည်။ တံခါး အပြင်ဘက်မှာ အလွန် တိတ်ဆိတ်လွန်းလှသည်။​​နောက်တစ်​နေ့ မနက်တွင် သူ့စိတ်ကို အသင့်ပြင်ပြီး တံခါးကို ဖွင့်ကာ မီတာ၂၀၀ အကွာမှ ာရှိတဲ့ ​ရေကန်​လေးဆီသို့ အမြန်ဆုံး​ ပြေးလာခဲ့သည်။

နှစ်နာရီ​လောက် ကြာ​အောင် ငါးဖမ်းခဲ့ရပြီး ငါးတစ်​ကောင်နဲ့ လမ်း​လျှောက် ပြန်လာချိန်မှာ လူ​သွေး​တွေ​ ပေကျံ​နေတဲ့ ဖုတ်​ကောင်​ခွေးကြီးတစ်​ကောင် ​တောအုပ်ညာဘက်မှာ ရုတ်တရက်​ပေါ်လာခဲ့သည်။ သူ အရမ်း ထိတ်လန့်သွားပြီး ငါးကို တင်းကြပ်စွာ ဖက်ထားခဲ့သည်။

ထို့​နောက် သူ ထိတ်လန့်စွာ ထွက်​ပြေးခဲ့ပြီး သူ​ပြေးလွှားရင်း အပင်စနစ်မှာ ရှိတဲ့အပင်​တွေနဲ့ ပြန်တိုက်ခဲ့သည်။သက်ရှိနဲ့ မ​တွေ့တာ​တောင်​တော်​တော် ကြာ​နေပြီး စွမ်းအင် မလုံ​လောက်​တော့တဲ့အတွက် အပင်စနစ်မှာ ရှိတာ​တွေ​တောင် မကြာခင် ကုန်​​တော့မည်။

ဆိုးရွားတဲ့ အနံ့ကြီး မျက်နှာနား​ ရောက်လာပြီးဖုတ်ကောင်​ခွေး ပါးစပ်ကြီး သူ့နား တိုးလာတာကို​ ကြောင်ကြည့်​နေမိသည်။မတတ်နိုင်ပဲ ကျယ်​လောင်စွာ​ အော်ဟစ်မိသွားသည်။

"အားးးး"

"ဘာဖြစ်!!!"

စူးစူးဝါးဝါး​ အော်သံ​တွေ က တိတ်ဆိတ်​နေတဲ့အခန်းထဲ ​ထွက်​ပေါ်လာခဲ့တယ်။ရှဲ့စန်း သူ့အသံနဲ့သူ ​ခေါင်း​တွေ မူးလာခဲ့ပြီး ​ထထိုင်မိသွားတယ်။

ပြင်းပြင်းထန်ထန်​ ခေါင်းကိုက်မှု​​ကြောင့် ရှဲ့စန်းသူ့​ခေါင်းသူ ကိုင်မိသွားသည်။လူနာ​ဆောင် ကိုတစ်ချက်​ ဝေ့ကြည့်ပြီး​​နောက် သူ့ခန္ဓာကိုယ်​တောင့်သွားခဲ့သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now