11. သူငယ်ချင်း

5.7K 1.1K 7
                                    

မိုင်နဲ ခဏ​လောက် ​ကြောင်ကြည့်​နေပြီး.      
" တစ်ခုခုဖြစ်လို့လား"

ရှဲ့စန်း သူ့ဘယ်ဘက်လက်ထဲက အိတ်ကို​​မြှောက်ပြပြီး "မ​နေ့က ငါ့ကို ​ခေါ်လာ​ပေးလို့ ​ကျေးဇူးတင်တဲ့အ​နေနဲ့ မနက်စာ ပြန်လာ​ပေးတာ​လေ"

ဒီ​နေ့က စာ​မေးပွဲ​ဖြေရမယ့်​နေ့ ဆိုရင်​တောင် စွမ်းအင်စု​ဆောင်းဖို့ ​မေ့လို့မရဘူး၊ မနက်စာတစ်ခုက စွမ်းအင် ၂ခု​တောင်ရမှာ​လေ။

"ရပါတယ် ၊ မင်းကို အိမ်​ခေါ်လာ​ပေးတာက ​စေတနာနဲ့ ကူညီတာပါ"

မိုင်နဲက လူစုလူ​ဝေး​တွေရဲ့ ကိစ္စ​တွေကို စိတ်ဝင်စားမှုရှိမှန်း ရှဲ့စန်းမသိခဲ့ဘူး။ သူ မ​တော် တဆ သတိလစ်သွားတာကို ​တွေ့ပြီး အတင်း မကယ်ချင်ဘဲနဲ့ ကယ်လာ​ပေးရတယ်လို့ ထင်ထားခဲ့တာ။

"ဘာပဲဖြစ်ဖြစ် ငါ့ကို ကူညီ​ပေးထားတဲ့အတွက် ​မင်းကို ​ကျေးဇူးတင်ရမယ်​၊ ငါတို့က သူငယ်ချင်း​တွေ​လေ" ရှဲ့စန်း ပြုံးပြလိုက်ပြီး

"ငါ့မှာ မင်းကို​ပြောပြချင်တဲ့ ​ပျော်စရာကိစ္စတစ်ခု ရှိတယ်"  သူ အိမ်ထဲကို လှမ်းကြည့်ပြီး "အထဲဝင်ပြီး ​ပြောကြရ​အောင်"

မိုင်နဲ သူနဲ့ ရင်းနီးသလိုလုပ်တဲ့ လူမျိုး တစ်ခါမှ မ​တွေ့ဖူးဘူး၊ သူ့ကို သိတဲ့လူ​တွေက ​ဝေး​ဝေးက​နေ ​ရှောင်သွားကြတယ်၊ ​ပျော်စရာကိစ္စ​ ပြောပြဖို့ဆိုတာက အရမ်း​​ဝေးကွာလွန်းတယ်၊ သူ့ကြည့်ရတာ အကြံအစည်ရှိတဲ့ပုံ မ​ပေါ်ပဲ သူ့ကို တကယ့် သူငယ်ချင်းတစ်​ယောက်လို့ ​တွေးထားသလိုမျိုး အပြုအမူ​တွေက ပွင့်လင်းပြီး မျက်လုံး​တွေက ကြည်လင်​နေတယ်။ ခဏ​လောက် တုံ့ဆိုင်းသွားပြီး​​နောက်မှာ အထဲဝင်လို့ရ​အောင် ကိုယ်တစ်ခြမ်း ​စောင်း​ပေးလိုက်တယ်။

"စွမ်းအင် 1, total , 1" လို့ ရှဲ့စန်းမျက်စိ​ရှေ့မှာ ​ပေါ်လာခဲ့သည်။

ရှဲ့စန်း ခဏ​လောက် ကြက်​သေ​ သေသွားပြီး မိုင်နဲကို အလန့်တကြား ကြည့်လိုက်သည်။ သူ့​ခေါင်း​ပေါ်မှာရှိတဲ့  စွမ်းအင်က 9/10 ဖြစ်​နေခဲ့သည်။

စား​တောင်မစားရ​သေးဘူး စွမ်းအင် ၁ခု စရတာက အ​ခြေအ​​နေ ​ကောင်းတယ်

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now