19. အိမ်​ပြောင်း ​နေထိုင်ခြင်း

5.9K 1.1K 14
                                    

Chapter 19. ​အိမ်ပြောင်း ​နေခြင်း

   မိုင်နဲ အိမ်ပိုင်ရှင်ကို ထိုးတာကြည့်ပြီး ရှဲ့စန်း အံ့သြမှင်သက်​နေခဲ့သည်။ သူ(အိမ်ပိုင်ရှင်)က မိုင်နဲ နဲ့ အရွယ်အစားအတူတူ​လောက် ရှိ​ပေမယ့် သူရဲ့ ထိုးနှက်ချက်​တွေကို မိုင်နဲက ကာကွယ်နိုင်​နေပြီး သူက​တော့ သူ့ကိုယ်သူ​တောင် မကာကွယ်နိုင် ဖြစ်​နေသည်။ မိုင်နဲ အေးစက်စွာနဲ့ အိမ်ပိုင်ရှင်ကို အ​ပေါ်က​နေ ​အောက်ကို ကန်ချလိုက်​တော့ အရိုက်မခံရ​အောင် ​ရှောင်​နေတဲ့ ရှဲ့စန်း​ရှေ့ကို လိမ့်ပြီး ပြုတ်ကျလာခဲ့သည်။

မိုင်နဲ ​အောက်ဆင်းလာတာမြင်တာနဲ့ အိမ်ပိုင်ရှင်က ​မြေကြီး​ပေါ်က​နေ ထလိုက်ပြီး နံရံကိုမှီကာ

" တကယ်လို့ မင်း ငါ့ကို ထပ်ထိလာမယ်​ဆိုရင် ငါရဲ​ခေါ်လိုက်မှာ​နော် "

မိုင်နဲ ​အောက်ကို ဆင်းလာပြီး တစ်ခွန်းမှမ​ပြောဘဲ လက်ကို​မြှောက်လိုက်ပြီး မျက်နှာကို ထိုးချလိုက်သည်။ တစ်ချိန်တည်းမှာပဲ တစ်ချက်ကန်လိုက်​သေးသည်။

မိုင်နဲ ထပ်လုပ်​တော့မှာ မြင်လိုက်​တော့ လက်​မောင်းလှမ်းဆွဲလိုက်ပြီး

" မင်း ထပ်ထိုးမယ်ဆိုရင် တစ်ခုခု ဖြစ်သွားလိမ့်မယ် "

လူကို ထိုးနှက်​နေချိန်မှာ မိုင်နဲ မျက်လုံး​တွေက ​အေးစက်​နေသည်။ သူ့လက်​​တွေက ရက်စက်ပြီး စာနာမှု ကင်းမဲ့​နေသည် ။ ရှဲ့စန်း စိတ်မသက်မသာ ဖြစ်သွားသည်။ သူက ဒီလူနဲ့ ဗီလိန်​ဘော့စ်က တစ်​ယောက်တည်းပဲလို့ ခံစားလိုက်ရသည်။

မိုင်နဲ သူ့ကို လှည့်ကြည့်လာပြီး အ​​ပေါ်​အောက် ကြည့်ကာ သူအဆင်​ပြေတာမြင်မှ မျက်နှာ အမူအယာနည်းနည်း​လျော့သွားသည်။ သူ အိမ်ပိုင်ရှင်ကို သတိ​ပေးလိုက်သည်။

" တကယ်လို့ အနာဂတ်မှာ သူ့ကို​တွေ့ရင် ​ရှောင်ဖြစ်​အောင် ​ရှောင်သွား "

အိမ်ပိုင်ရှင်က နာကျင်​နေတဲ့အတွက် ဘာမှပြန်မ​ပြောခဲ့ဘူး၊  အဲ့ဒါ​ကြောင့် မိုင်နဲ က

" ငါ​ပြောတာ မကြားဘူးလား "

" ဟုတ်ကဲ့ ၊ ကြားပါတယ် " အိမ်ပိုင်ရှင် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်​နေသည် ။ ဒီလူငယ်​လေးက ငယ်တဲ့ပုံ​ပေါ်​ပေမယ့် စာနာစိတ် ကင်းမဲ့လွန်းသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now