Chapter 27 : ဒုတိယမြောက် အပင်ရရှိခြင်း

5.5K 1K 13
                                    

Chapter 27 : ဒုတိ​ယ​မြောက် အပင်ရရှိခြင်း

​လောင်ထန်း မျက်နှာကို အုပ်ပြီး နှုတ်ခမ်းစူလိုက်သည်။ “ကျွန်တော် တခြားသူတွေနောက်ကို လိုက်နိုင်တယ်။ လမ်း ပျောက်မသွားဘူးဆိုတာ သေချာပါတယ်။”

အဖိုးက သူ့ကို လျစ်လျူရှုပြီး မိုင်နဲကို ကြည့်လိုက်သည်။ 
"အခု မင်းရဲ့အသင်းမှာ လူ ဘယ်နှစ်ယောက် ရှိလဲ။ လူမပြည့်သေးရင် သူ့ကို မင်းနဲ့အတူ ခေါ်သွားပါ။ ကံကောင်းပြီး ငါမင်းနဲ့ ​တွေ့မိလို့၊ မဟုတ်ရင် ဒီကလေးကို ထိန်းထားနိုင်တဲ့သူကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။”

သူ့မြေးကို ကောင်းကောင်းသိတယ်။ အသင်းဖော်ဖြစ်လာရင်တောင်မှ တိုက်ဖို့အကြောင်းပဲ အမြဲတွေးမှာ။​လောင်ထန်းနဲ့ ရွယ်တူထဲမှာ သူမြင်ဖူးတာ မိုင်နဲ တစ်​​ယောက်​တည်း​ ရှိတယ်။

မိုင်နဲ က ခေါင်းခါသည်။ “မဟုတ်ဘူး၊ သူက တိုက်ဖို့အကြောင်း အမြဲတွေး​နေတယ်။ အဲဒါ အမှားတစ်ခုပဲ”

အဖိုးက ​လောင်ထန်းရဲ့ နားရွက်ကို လှမ်းဆွဲလိုက်သည်။

 "လာစမ်း!  အဖွဲ့လိုက်ပြိုင်ပွဲမှာ ဘယ်သူနဲ့မှ ရန်ဖြစ်မှာ မဟုတ်ဘူးလို့ သူ့ကို ကျိန်ပြလိုက်”

"အဖိုး၊ လွှတ်ပါ !" ​လောင်ထန်း သူ့နားရွက် ဆွဲခံရတဲ့အတွက် သူ့အဖိုး၏လည်ပင်းနှင့် နီးကပ်လာသည်။

 " အဖွဲ့လိုက်ပြိုင်ပွဲမှာ ပြိုင်ဘက်တွေ အများကြီးနဲ့ ရန်ပွဲတွေ ရှိမှာ သေချာတယ်။"

အဖိုးက သူ့ကို စိုက်ကြည့်နေလိုက်သည်။ “ကြုံတဲ့လူနဲ့တိုက်ခိုက်​နေရင် ကျန်တဲ့လူတွေက မင်းကို ပစ်မှတ်ထား တိုက်ခိုက်လာပြီး မင်း မြို့ထဲကို ပြန်၀င်ခွင့်တောင် ရမှာ မဟုတ်ဘူး”

ရှဲ့စန်းက အဲ့ဒီအချက်ကို ပြောပြပြီး မိုင်နဲ ကို “ငါတို့ အဖွဲ့ဝင် ဘယ်နှစ်ယောက် ရဖို့သေချာလဲ” လို့ မေးလိုက်သည်။

မိုင်နဲက ပိုင်​ကျောင်းကို မေးကြည့်ပြီးသွား​ပေမယ့် သူက တခြားတစ်ယောက်ယောက်ကို ရှာတွေ့နိုင်မလား မသိတဲ့အတွက် အရင်ဆုံး အတည်ပြုဖို့ ဆုံးဖြတ်လိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now