Chapter 20

5.8K 1.1K 33
                                    

20. ​ရေချိုး​ပေးခြင်း

​ပိုင်ရှင်နှစ်​ယောက်စီက အဆွဲခံ​နေရတဲ့ ရှောင်ထုတစ်​ယောက်, ရှဲ့စန်းကို မြင်လိုက်တဲ့အချိန်မှာ ကယ်တင်ရှင်ကို မြင်လိုက်ရသလိုပဲ သူမျက်လုံး​တွေက စိတ်အားထက်သန်မှု​တွေ ​ပေါ်ထွက်လာခဲ့သည်။

" ရှဲ့စန်း သူတို့ကို တစ်​ချက်​လောက် လာကြည့်​ပေးပါ "

ပိုင်ရှင်နှစ်​ယောက်စီက လွတ်​​​မြောက်​အောင် လုပ်လိုက်ပြီး ​နောက်လှည့်ကာ

" စိတ်မပူပါနဲ ၊ သူတို့ရဲ့ စိတ်ထိခိုက်မှုက မပြင်းထန်ပါဘူး, သူတို့ အန္တရာယ်မရှိပါဘူး "

" ဝူးးးးးးးးးးး, ဒါ​ပေမယ့် အရမ်း သနားစရာ​ကောင်း​​လောက်​အောင်ကို ​အော်နေတယ်​လေ၊ အရမ်း ​ကြောက်​နေကြတဲ့ပုံပဲ "

ပိုင်ရှင်နှစ်​ယောက်က တစ်ထပ်ထဲနီးပါး တူတဲ့အ​ရာကို တစ်ချိန်ထဲမှာ ​ပြောလာခဲ့ကြသည်။ သူတို့ရဲ့ ငိုတဲ့ အသံက​တောင် တစ်ပုံစံထဲ ဖြစ်​နေကြသည်။

ရှဲ့စန်း ​ခေါင်း​မော့ပြီး သူတို့ကို ကြည့်လိုက်သည်။ သူတို့နှစ်​ယောက်က တူ​နေကြပြီး ​ရုပ် တော်​တော်ဆင်တူတဲ့ အမွှာ​တွေဖြစ်ကြသည်။ သူတို့နှစ်​ယောက်က ရုပ်ပြထဲက ဆံပင်တိုတိုနဲ့ ​ကောင်မ​လေး​တွေလိုမျိုး ချစ်ဖို့​ကောင်းပြီး ကြည့်​ကောင်း​နေကြသည်။ ဒါ​ပေမယ့် သူတို့က ​ယောက်ျား​လေး​တွေ !!! ရှဲ့စန်း ​ခေါင်းမြန်မြန်လှည့်လိုက်ကာ သူနဲ့ အနီးဆုံးနားမှာရှိတဲ့ အ​မွေးရိတ်ထားတဲ့ ​ခွေးနှစ်​ကောင်ရဲ့ ကုတင်စီ သွားလိုက်သည်။

​ခွေး​လေးရဲ့ ခန္ဓာကိုယ်က မရည်ရွယ်​ပေမယ့် တုန်လှုပ်​နေခဲ့သည်။ရှဲ့စန်း ထိတွေ့တာကို သိလိုက်ရ​တော့ ပထမ ထိတ်လန့်သွား​သည်။ စူးရှစွာ ​အော်လာခဲ့ပြီး​နောက် ရုတ်တရက် တိတ်ကျသွားပြီး သူ့ခန္ဓာကိုယ် တုန်လှူပ်​နေတာ ရပ်သွားခဲ့သည်။ကုတင်​ထောင့်က​နေ ​ခေါင်းထွက်လာခဲ့ပြီး ခန္ဓာကိုယ်ကို လှည့်ကာ ​သူ့ခေါင်းအား ရှဲ့စန်း လက်ဖဝါးနဲ့ ပွတ်သပ်​စေခဲ့သည်။

" ဝူးးးးးးးး, ​ရှောင်ကျို " ပိုင်ရှင်က အံ့အားသင်စွာနဲ့ ​ခွေး​လေးရဲ့ ​ကျောဘက်ကို ပွတ်လိုက်သည်။ သူက ​ခွေး​လေးရဲ့ လက်ဖဝါးကို ကိုင်လိုက်ပြီး တားဆီးမရ​နိုင်​လောက်​အောင် မျက်​ရည်​တွေ ကျလာခဲ့သည်, ရှဲ့စန်းကိုကြည့်ပြီး ​ပြောလာခဲ့သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now