Chapter 47.2: စွမ်းအင်ပြန်လည် ရယူခြင်း

4.6K 978 6
                                    

ဘာမှ မဟုတ်ပါဘူး အပိုင်း ၁၀၀ပြည့်​အောင် ​ရေးပြီးသွား​တော့ ကိုယ်​ပျော်​နေလို့ တင်​ပေးလိုက်တာပါ၊ အပိုင်းခွဲထားတာ ဖြစ်တဲ့အတွက် နည်းနည်း​တော့ တိုမယ်​နော် မနက်ဖြန်က သပ်သပ် တစ်ပိုင်း ထပ်တင်​ပေးမယ်​နော်

Chapter 47.2: စွမ်းအင်ပြန်လည် ရယူခြင်း

ယန်ချီ၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသည်။ "မဟုတ်ဘူး​လေ!"

"မင်း ရူးနေတာလား!" 

ယန်ချီရဲ့ နောက်မှ လိုက်လာသော သစ်အယ်သီး​ရောင် ဆံပင်နဲ့ ဆယ်ကျော်သက်သည် ရှဲ့စန်း ကို ဒေါသတကြီးနဲ့ ကြည့်နေသည်။

 "အားချီ !သူ့မိသားစုရဲ့ ဘိုးဘေး က အမှားလုပ်မိပြီး ကြံ့ပျံ သတ္တဝါအားလုံး ကို နေ့ချင်းညချင်း ပျောက်ကွယ်သွားအောင် လုပ်ခဲ့လို့ မျိုးဆက်ပေါင်း များစွာ က အလွယ်တကူ မတွေ့နိုင်ခဲ့ဘူး။ သူ့မိသားစုနဲ့ ကြံ့ပျံသားရဲ ကို ကမ္ဘာ့ရန်သူ ဖြစ်အောင် လုပ်ချင်​နေတာလား?" 

သစ်အယ်သီး​ရောင် ဆံပင်နဲ့ ဆယ်ကျော်သက်၏ ရင်ဘတ်သည် ဒေါသနှင့် တဟုန်းဟုန်း တောက်လျက် ရှေ့သို့ လှမ်းလာပြီး

"သူတို့ မိသားစု အားလုံး က ကြံ့ပျံသားရဲ သခင်​တွေ! ဆက်နွယ်တာ က သားရဲသခင်​တွေ အတွက် ဘယ်​လောက်​တောင် အရေးကြီးလဲ ဆိုတာကို မင်းမသိပါဘူး။ ဒီတစ်​ခါမှာ အမှားတစ်​ခု ထပ်​ဖြစ်​ရင်​ ဘယ်​အချိန်​မှာ ကြံ့​ပျံသားရဲ ကို ထပ်​​တွေ့ရမလဲ ဆိုတာ ဘယ်​သူသိမှာလဲ!"

မိုင်နဲ က သူ့အား အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ "နောက်ဆုတ်" ဟု သတိပေးသည်။

ချီ​ရှောင်း က ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်သွားသော အခါ လူငယ်သည် တစ်ခုခုပြောရန် ပြင်လိုက်သည်။

ရှဲ့စန်း က အဲဒီ့ထက် ပိုတဲ့ အ​ကြောင်းပြချက် ရှိသေးလားလို့ တွေးမိပြီး "ဘာဖြစ်နေတာလဲ?"

ကြံ့ပျံသားရဲ က သက်ပြင်းချလိုက်သည်။ {"အချို့သောသားရဲ​တွေ လူသား ဖြစ်လာတဲ့ နောက်မှာ၊လူ့အဖွဲ့အစည်း က လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး နည်းပညာ​တွေ ပိုတိုးတက် မြင့်မားလာခဲ့တယ်။ ဘဝ က အေးချမ်းသာယာတဲ့ အချိန်တစ်ခုရှိခဲ့ပြီး အချို့သော လူ​တွေ အတွက် အရေးကြီးဆုံး ဆိုတဲ့ အဓိပ္ပါယ် က - တိုက်ပွဲဝင်တာတဲ့။ ဆက်နွယ်သားရဲ​တွေရဲ့ တည်ရှိမှု ပျောက်ဆုံးသွားခဲ့တယ်။ အထူးသဖြင့် အဆင့်မြင့် ဆက်နွယ်သားရဲ​တွေ...၊ အဆင့်နိမ့် ဆက်နွယ်သားရဲ​တွေ ကို အိမ်မွေး တိရစ္ဆာန်​တွေ အဖြစ် အသုံးပြုကြ​ပေမယ့် အဆင့်မြင့်တဲ့ ဆက်နွယ်သားရဲ​တွေ က အိမ်မွေးတိရစ္ဆာန်​တွေ အဖြစ် မသင့်​တော်ဘူး​လေ။ အဲဒီ့အခါ စွမ်းအားရှိပြီး မြင့်မြတ်တဲ့ မိသားစု​တွေ က အဆင့်မြင့် ဆက်နွယ်သားရဲ​တွေ ကို တိုက်ခိုက်ခိုင်းခြင်းနဲ့ ဖျော်ဖြေ​ရေး လုပ်လာကြတယ်"}

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now