Chapter 76 : ခြင်္သေ့ပျံ သားရဲ

4.7K 864 21
                                    

Chapter 76 : ခြင်္သေ့ပျံ သားရဲ

မနီးမဝေးရှိ နေကြာပန်းရဲ့ ထူထဲတဲ့ အကိုင်းအခက်တွေ က စိမ်းလန်းတဲ့ အရောင်တွေဖြင့် ပြည့်နေသည်ကို ရှဲ့စန်း မြင်လိုက်ရသည်။ သူ့ဘေးမှာ ဧရာမ ခြင်္သေ့ပျံကြီး ရပ်နေသည်။

ခြင်္သေ့ပျံသားရဲ က ၃ မီတာကျော် မြင့်ပြီး ခြင်္သေ့နှင့်တူပြီး ကြီးမားတဲ့ ခန္ဓာကိုယ် ရှိသည်။ လည်ပင်းတွင် ပျော့ပျောင်း၍ စီးဆင်းနေတဲ့ ရွှေရောင် လည်ဆံမွှေး ရှိ၍၊ နောက်ကျောတွင် အရောင်တူတဲ့ အတောင်ပံကြီးတွေ ရှိပြီး၊ အမွှေးတွေ က သတ္တုနဲ့ ပြုလုပ်ထားတဲ့  အသွင်အပြင် ရှိသည်။ သူ့ရဲ့ အရွယ်အစား က ပိုကြီးပြီး ပိုပြင်းထန်သည်။

ဒါပေမယ့် သူ့အပြုအမူ က ထူးဆန်းနေတယ်။ နေကြာပန်း အကိုင်းအခက်တွေ ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း ရန်သူကို ဟိန်းဟောက်ပြီး ကိုက်ဖို့ ခုန်သလို လုပ်လိုက်တယ်။ အကိုင်းအခက်တွေ ကို ကိုက်ဖို့ ကြိုးစားရင်း သူ့ရဲ့ လှုပ်ရှားမှုတွေ က မြန်ပြီး ပြင်းထန်လာတယ်။

သို့သော် အကိုင်းအခက် ကို ထိလိုက်သည်နှင့် သူ့ရဲ့ဒေါသ က ရုတ်တရက် ပျောက်ကွယ်သွားသည်။ အကိုင်းအခက် သည် ချက်ချင်းပင် သူ အကြိုက်ဆုံး အရာ ဖြစ်လာခဲ့သည်။ သူ့ပါးစပ်ကို မပိတ်ဘဲ လျှာကိုထုတ်ကာ အကိုင်းအခက်ကို လျှက်ဖို့ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း နီးကပ်လာသည်။

ဒီလို ချစ်ခြင်းမေတ္တာ က ကြာရှည်မခံပေ။ အေးခဲသွားပုံရပြီး ပြင်းထန်တဲ့ မျက်နှာဖြင့် ကျောခိုင်းထားသည်။ သစ်ကိုင်းမှ ဝေးဝေး ဖယ်ပြီး ဒေါသတကြီးနဲ့ အော်ဟစ်ကာ သစ်ကိုင်းကို ထပ်ကာ ထပ်ကာ  တိုက်လိုက်သည်။

အဲဒါပဲ!

ရှဲ့စန်း စိတ်ထဲမှာ မရေမတွက်နိုင်သော ခွေးသွေး ဇာတ်ကွက်များ ပြည့်နေပြီး၊ အချစ်နှင့် အမုန်း၊ ခြင်္သေ့ပျံနှင့် နေကြာပန်း တို့ က လူသားများ ဖြစ်လျှင် ဒီမြင်ကွင်းနှင့် အမှန်တကယ် ကွဲလွဲနေမည် မဟုတ်ပေ။

"ဘာလုပ်နေတာလဲ?" လောင်ထန်း က ရှုပ်ထွေးနေသည်။ သူနဲ့ ပိုင်ကျောင်း မနေ့က အခြေအနေ ကို စုံစမ်းဖို့ ရောက်လာသေးသည်။ ခြင်္သေ့ပျံသားရဲ က သူတို့ဘက်ကို လှည့်လိုက်ချိန်မှာ ခြင်္သေ့ပျံသားရဲ က အကိုင်းအခက်တွေ ကို တိုက်ခိုက်ခဲ့သည် ဟု ထင်ရသော်လည်း တကယ့် ဖြစ်ရပ်မှန်မှာ ဤကဲ့သို့ပင် ဖြစ်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now