18. အရှုံး​ပေးခြင်း

5.5K 1.1K 12
                                    

        Chapter 18. အရှုံး​ပေး လက်နက်ချခြင်း

မုလင်း က သူ့အလုပ်ကို မြန်ဆန်စွာ လုပ်သွားခဲ့သည် ။ စမ်းသပ်ပြီးတာနဲ့ သူ ပထမဆုံးလုပ်တာက comment​ရေးတာဖြစ်သည်။ comment​ရေးပြီးသွားပြီး မတင်ခင်မှာ ကုလျှိုက အဆင်​ပြေ​တာ ​သေချာ​အောင် စစ်​ဆေးလိုက်သည် ။

[ " ဟားဟား ဟားဟား , အားလုံးရဲ့ သိချင်စိတ်ကို ဖြည့်​ဆည်းခွင့်ပြုပါ ၊ကိုယ့်ရဲ့ ရဲရင့်တဲ့ ခန့်မှန်းချက်က​တော့ ---- အဲ့ဒါ အပင်မဟုတ်ပါဘူး, အပင်နဲ့တူတဲ့ ဆက်နွယ်သားရဲ ဖြစ်ပြီး​တော့ တုပနိုင်တဲ့ အမျိုးအစား ဖြစ်ပါတယ် ]

သူ့ရဲ့ comment က မြန်မြန် ​ဖြေကြားခံလိုက်ရသည်။

[ အဖွဲ့မှူးမုရဲ့ ခန့်မှန်းချက်က အကျိုးအ​ကြောင်း သင့်​တယ်၊ စားလို့ရတဲ့ အပင်ဖြစ်နိုင်ချေ နည်းပြီး အပင်နဲ့မတူဘူးဆိုတာ ငါ​ပြောလို့ရတယ် ]

[ အဲ့ဒီလိုလား ]

[ အဲ့သြစရာမရှိ​တော့ဘူး!!!, ငါက ရှဲ့စန်းရဲ့ အတန်း​ဖော်ပါ ၊သူ ဆက်နွယ်သားရဲ မနိုးထခင်အချိန်တုန်းက သူကြည့်ရတာ အမြဲတမ်း မှိုင်​ထွေ​​နေတဲ့ပုံရှိတယ်၊ ဒီ​နေ့ သူ့ကို​တွေ့လိုက်​တော့ သူက အရင်တုန်းကနဲ့ လုံးဝ မတူ​တော့ဘူး၊ အရမ်း တက်ကြွ​နေတာပဲ၊ အဲ့ဒါက ဆက်နွယ်သားရဲ နိုးထလာလို့ ဖြစ်နိုင်တယ် ]

[ အမှန်ကို သိသွား​ပေမယ့် အရမ်းစိတ်ပျက်သွားပြီ၊ *စားလို့ရမယ့် ဖရဲသီးကြီးလို့ ထင်ထားခဲ့တာ ]
(* အတင်းအဖျင်းကို ​ပြောတာပါ)

[ တုပနိုင်တဲ့သားရဲတဲ့လား၊ ပျော်ဖို့ ​ကောင်းမယ့်ပုံပဲ။ ရှဲ့စန်းက အပင်ဌာနကလို့ အရင်comment​တွေမှာ ဖတ်လိုက်ရတယ်။ သူက ငရုတ်ပင်ကို သင်ရိုးညွှန်းတမ်းထဲမှာ​ မြင်ဖူးလိမ့်မယ်၊ အဲ့ဒါ​​ကြောင့် သူက ငရုတ်ပင်ကို ပုံတူကူးလိုက်နိုင်တာလား ]

[ အဲ့ဒါ ဖြစ်နိုင်တယ်၊ သူက တကယ် အပင်ဌာနကပဲ ]

"....."

ရှဲ့စန်း ဆိုဖာမှာထိုင်ပြီး comment​တွေကို ဖတ်​နေခဲ့သည်, မုလင်းရဲ့ ခန့်မှန်းချက်ကို ဘယ်သူကမှ ​မေးခွန်းမထုတ်ခဲ့ကြ​ပေ။ သူတို့အားလုံး သူ့ရဲ့ ခန့်မှန်းချက်ကို သ​ဘောတူခဲ့ကြပြီး တစ်ချို့က သက်​သေပြဖို့​တောင် ကူပြီး စီစဥ်​ပေးခဲ့ကြသည်။ သူက တကယ့်ကို ဆက်နွယ်သားရဲ​ပိုင်ရှင်တွေ အ​ပေါ်မှာ သြဇာသက်​ရောက်မှုရှိတာပဲ။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now