Chapter 64 : ခရီးက အပြန်

4.9K 928 68
                                    

Chapter 64 : ခရီးက အပြန်

မှန်ပြောင်းကို ကြမ်ူပြင်ပေါ်သို့ ပစ်ချလိုက်ချိန် ဆိုတိုကိုရဲ့ မျက်နှာ က မည်းမှောင်သွားသည်။ အမုန်းတရားတွေ ပြည့်နှက်နေပြီး သူ့အမူအရာက အမြဲ ပြောင်းလဲနေသည်။ 

သူ အဲဒီ့ လူအိုကြီးရဲ့ စကားကို နားမထောင်ခဲ့သင့်​​ပေ၊ မဟုတ်ရင် သူရဲ့ ဂုဏ်သိက္ခာ၊ မိုင်နဲနဲ့ သူရဲ့ ဆက်ဆံ​ရေး ပျက်ပြားသွားမှာ မဟုတ်ဘူး။ သူ့လက်သီး ဆုပ်ထားလိုက်သည်။ သူ မိုင်နဲကို ဆက်ကြီးပြင်းခွင့် ​ပေးလို့ မရ​တော့​ချေ။ 

အခု သူ က နဂါးပျံ သားရဲတစ်ကောင်ကို ရှာတွေ့ခဲ့သည်၊ မကြာမီ သူ က ခြင်္သေ့ပျံ သားရဲတစ်ကောင်ကို ရှာတွေ့လာလိမ့်မည် ။
(T/N : 😱မှန်လိုက်တာ၊ ​ဗေဒင်​ ဟောစားပါလား🤪)

ရှဲ့စန်း ဆိုကိုတိုနဲ့ ရုတ်တရက်ကြီး တွေ့ဖို့ မမျှော်လင့်ခဲ့ပေ။ သူ့ခါးမှာ တင်းကြပ်နေတဲ့ မိုင်နဲရဲ့ လက်ကို သတိထားမိပြီး မိုင်နဲ နှင့် ဆိုတိုကို အကြောင်း တွေးမိလိုက်တဲ့ အချိန် သူ စိတ်မပူဘဲ မ​နေနိုင်ပေ။ ဘယ်လက်ကို ဆန့်၍ မိုင်နဲရဲ့ လက်​ပေါ် တင်လိုက်သည်။ မိုင်နဲ က ဖက်ထားတာကို အနည်းငယ် လျှော့​ပေးလိုက်သည်။ မေးစေ့ကို သူ့ပခုံးပေါ်တင်ကာ သူ့မျက်လုံးထဲရှိ အေးစက်မှုကို ဖုံးကွယ်လိုက်သည်။ 

"ကိုယ် အဆင်​ပြေပါတယ်"

ရှဲ့စန်း က ရယ်မောလိုက်သည်။

 "မင်း အဆင်မပြေဘူးလို့ ဘယ်သူပြောလဲ။ မင်းလက်ကို ကိုင်ချင်လို့ ကိုင်လိုက်တာ" 

သူက နဂါးနက်ကို {"အရှိန်လျှော့။ အရမ်း မြန်ရင် ပြုတ်ကျလိမ့်မယ်၊ စပါးအုံးနဲ့ သံချပ်ကာ သားရဲကြီးတွေ က အဲဒီနေရာမှာ ရှိနေတုန်းပဲ"}

{"အင်း၊ ငါ အခု ဆင်းပြီး ရှာလိုက်မယ်"} နဂါးနက်က ပြောပြီး အောက်ကို ပျံဆင်းသွားသည်။

မြေပြင်​​ ရောက်တဲ့အချိန် စပါးအုံးမြွေကြီးနှင့် သူ့ဘေးမှ ကြီးမားတဲ့ သင်း​​ခွေချပ် သားရဲကြီးကို တွေ့လိုက်ရသည်။သူတို့နှင့် ဆန့်ကျင်ဘက်တွင် ​ဟောင်ဖန်း နှင့် ဧရာမ ဝံပုလွေသားရဲကြီး တို့ ရှိ​နေသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now