Chapter 111: ဘုရင်ကြီးဆီ က သင်ကြားခြင်း (Final)

5.3K 792 31
                                    

Chapter 111: ဘုရင်ကြီးဆီ က သင်ကြားခြင်း

ပေါင်ပေ့ အိပ်ပျော်သွားပြီးနောက် မိုင်နဲ က သူ့ကို တွန်းလှည်းပေါ် တင်ကာ ခြံဝင်းထဲတွင် ရှဲ့စန်းနဲ့ လောင်ထန်း တို့ ရပ်နေတာ ကို စောင့်ကြည့်လိုက်သည်။

နှစ်ယောက်သား မတ်တပ် ရပ်နေကြပြီး ပိုင်ကျောင်း က ဘေးမှ အော်လိုက်သည်။

“စမယ် ”

လျှပ်တစ်ပြက်ကြီး လောင်ထန်း က လေပြင်းတိုက်လိုက်သလို ရှဲ့စန်း ထံသို့ ရောက်ရှိလာသည်။ ရှဲ့စန်း က အနောက် ပြန်ဆုတ်ကာ လောင်ထန်းရဲ့ ခြေထောက် အနားသို့ နွယ်ပင်တွေ ကို ဆင့်ခေါ်ကာ တစ်ချိန်တည်းမှာပဲ မရေမတွက်နိုင်အောင် ရှည်လျားပြီး ပါးလွှာတဲ့ ဆန်စေ့တွေ ကို လောင်ထန်းဆီ ပစ်လိုက်သည်။ လောင်ထန်း က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး နွယ်ပင်တွေ အပေါ် ပေါ့ပေါ့ပါးပါး ခုန်ဆင်းကာ စပါး မုန်တိုင်း ကို ရှောင်ရှားရန် ညာဘက်သို့ လှည့်လိုက်သည်။ သူ့အရှေ့တွင် နွယ်ပင်တစ်ပင် ပေါ်လာပြီး လမ်းကို ပိတ်ဆို့လိုက်တော့ အရှေ့သို့ တိုးသွားသည်။

"Wow အရမ်း မိုက်တာပဲ!" သူ့ခြေဖဝါး ကို အပင်အပေါ်မှ ရွှေ့ကာ အော်လိုက်သည်။ ဒါပေမယ့် သူ ဘာမှ မလုပ်ခင်မှာ နွယ်ပင်ရဲ့ ရှည်လျားတဲ့ အကိုင်းအခက်တွေကြောင့် သူ့ကို ဖမ်းမိသွားသည်။

ရှဲ့စန်း က နေရာရအောင် အနောက်ဆုတ်ပြီးတွင် တိုက်ဖို့ အပင်တွေ ကို ဆင့်ခေါ်ခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ အစတုန်းကနဲ့ ကွာခြားသွားသည်။

"အံ့သြစရာပဲ၊ ပြန်စပါ" လောင်ထန်း က စိတ်လှုပ်ရှားစွာပြောသည်။

လောင်ထန်း က သူ့ရဲ့ လှုပ်ရှားမှုတွေ ကို တမင် နှေးကွေးနေမှန်း ရှဲ့စန်း သိသည်၊ မဟုတ်ရင် သူ့ကို အလွယ်တကူ ချည်နှောင်ထားနိုင်မည် မဟုတ်ပေ။ သူက နွယ်ပင်ကို လောင်ထန်းအား ပြန်လွှတ်ပေးဖို့ ကို အမိန့်ပေးပြီး

“ မင်းရဲ့ တိုက်ခိုက်မှု ကို အရှိန် မြှင့်လိုက်တော့။ မင်းရဲ့တိုက်ခိုက်မှု ကို ရပ်တန့်ဖို့ ငါ ကြိုးစားကြည့်မယ်"

လောင်ထန်း က ခေါင်းညိတ်ပြီး "ကောင်းပြီ"

ပိုင်ကျောင်း က ဒုတိယ အကြိမ် ပွဲကို စတင်ပေးခဲ့သည်။ လောင်ထန်း က ရှဲ့စန်းနဲ့ ၂မီတာ အကွာအဝေးအတွင်း တစ္ဆေ သရဲလိုမျိုး လှည့်ပတ်သွားခဲ့သည်။ ရှဲ့စန်း က နွယ်ပင်တွေ ကို အလျင်အမြန် ဆင့်ခေါ်ကာ တစ်ချိန်တည်းတွင် နောက်ပြန်ဆုတ်သွားခဲ့သည်။ လောင်ထန်း က ခုန်တက်ပြီး ပြန်ဆင်းကာ ရှဲ့စန်းရဲ့ လည်ပင်းပေါ် ကို လက် တင်လိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now