Chapter 25

6K 1K 17
                                    

Chapter 25 :အဖွဲ့  ဖွဲ့စည်းခြင်း

ရှဲ့စန်း စာကိုဖတ်ပြီး ဆုအတွက် စိတ်လှုပ်ရှားသွားသော်လည်း သူ၏ လက်ရှိစွမ်းရည်များကို တွေးတောရင်း သက်ပြင်းချမိသည်။ ဒီမှာ အထီးတွေက အရမ်းသန်မာတယ်၊ အဲဒါကြောင့် သူ ထိပ်ဆုံး သုံးယောက်ထဲ ရောက်အောင် လုပ်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။ ထွက်ခွာခွင့် နှင့်ပတ်သက်သည့် သတင်းများကို လေ့လာရန် အဆင်သင့် ဖြစ်နေသော်လည်း သူ့တွင် အချိန်မလုံလောက်ပေ။ အနားယူခြင်းမပြုဘူး ဆိုရင် နေ့လယ်စာ စားတဲ့အချိန် တစ်နာရီအောက်သာ အချိန်ရှိမည်ဖြစ်သည်။

တစ်နေ့ခင်းလုံး အလုပ်ရှုပ်နေခဲ့ပြီး အလုပ်ပြီးလို့ သူ့တိုက်ခန်းကို တန်းတန်းမတ်မတ် ပြန်သွားခဲ့ပေမယ့် မိုင်နဲ က အဲ့ဒီမှာ မရှိခဲ့ချေ။

မိုင်နဲ ပြန်ရောက်တာ အရင်နေ့ထက် နည်းနည်း နောက်ကျနေခဲ့တဲ့ အတွက် မိုင်နဲ မပြန်ခင် ညစာ ပြင်ထားခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ မိုင်နဲက ဒဏ်ရာမရရှိခဲ့ပေမယ့် သူ့ခန္ဓာကိုယ်မှာ သွေးနံ့သင်းသင်းလေး ရှိနေသေးသည်။

"ငါ အရင် ရေချိုးလိုက်ဦးမယ်" မိုင်နဲ က ပြောပြီး သူ့အိပ်ခန်းထဲ ဝင်သွားခဲ့သည်။

ရှဲ့စန်း က စားပွဲမှာထိုင်ပြီး မိုင်နဲ လုပ်ခဲ့တာတွေကို တွေးရင်း မယုံကြည်နိုင်စွာဖြင့် မေးစေ့ကို ကိုင်လိုက်သည်။

မိုင်နဲ ရေချိုးပြီးနောက် အခန်းထဲက ထွက်လာတော့ သူ့မျက်နှာမှာ လေးလေးနက်နက် တွေးနေတာ မြင်ရပြီး စားပွဲပေါ်ထိုင်ချလိုက်သည်။

"ဘာတွေ တွေးနေတာလဲ?"

"လွန်ခဲ့တဲ့ရက်က မင်းဘာတွေလုပ်နေလဲ စဉ်းစားနေတာ" ရှဲ့စန်း  က တိုက်ရိုက် ပြောလိုက်သည်။ သူ့မျက်လုံးများက သူ့ကို မျှော်လင့်တကြီး ကြည့်နေခဲ့သည်။ သူ့ကို တိုက်ရိုက် ပြောပြမယ်လို့ မျှော်လင့်နေသည်။

မိုင်နဲ၏ လက် က ဓားနှင့် ခက်ရင်းကို ကိုင်လိုက်ရင်း အနည်းငယ် ခေတ္တရပ်ကာ မျက်ခုံးပင့်လိုက်သည်။

"မင်း အဲဒါကို စဉ်းစားလို့ မရ သေးဘူးလား။ မရရင်လည်း ရက် နည်းနည်းလောက် စောင့်ပါလား။ မင်းကို လျှို့ဝှက်ထားဖို့ ငါပြောခဲ့တယ်လေ"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now