Chapter 30 : ထွက်ခွာခြင်း

5.5K 1K 22
                                    

Chapter 30 : ထွက်ခွာခြင်း

မိုင်နဲ က ​လောင်ထန်း ကိုကြည့်ပြီး “မင်း ကတိပေးထားတာကို မမေ့နဲ့” လို့ သတိပေးလိုက်သည်။

​လောင်ထန်း က နှုတ်ခမ်းစူပြီး သူ့ရဲ့ ပါးတွေကို ​ဖောင်းလိုက်သည်။

"ငါသိတယ် ၊မင်းပြောတဲ့ ဘယ်သူ့ကို ဖြစ်ဖြစ် ငါရိုက်​ပေးမယ်၊ ဟုတ်ပြီလား? ၊ မင်းကို အနိုင်ကျင့်ခွင့် ဘယ်သူ့ကိုမှ မပေးဘူး ဟုတ်တယ်၊မဟုတ်လား?"

မိုင်နဲ အကြည့်​တွေ ​ပြောင်းသွားသည်​။

 "​သေချာ​ပေါက် မ​ပေးဘူး​ပေါ့"

ကွင်းပြင်တွင် ဆိုက်ကပ်ထားသော လှေကားကြီးငါးခုသည် ၎င်းတို့၏ ရှေ့နှင့်နောက်တံခါးများကို တပြိုင်နက်တည်း ဖွင့်ပေးလာသည်။ ပါဝင်သူများသည် တံခါးများဆီသို့ ပြေးလာကြပြီး အချို့မှာ အစီအစဥ် အတွက် ရှေ့နှင့်နောက် ငြင်းခုံနေကြသည်။

ပိုင်​ကျောင်း က သူတို့ကို သတိပေးလာသည်။ 

“အရင်ဆုံး လွန်းပျံယာဉ်ပေါ် တက်လိုက်ပါ” ဟု နှုတ်ခမ်းပေါ်မှ ပေါ့ပါးသော အပြုံးဖြင့် ပြောလိုက်သည်။ 

ပိုပျော့ပြောင်းတဲ့လေသံနဲ့ သူက "ငါတို့လမ်းကို ​ရောက်လာမယ့်လူကို ငါ တကယ် မျှော်လင့်နေတယ်"

ရှဲ့စန်း က အနည်းငယ် စိုးရိမ်နေသေးသော်လည်း ​လောင်ထန်း၏ စိတ်လှုပ်ရှားနေသောအမူအရာနှင့်  မိုင်နဲ နဲ့ ပိုင်​ကျောင်း တို့၏ တည်ငြိမ်​နေသော မျက်နှာများ ကို မြင်ပြီး ရုတ်တရက် စိတ်သက်သာရာ ရသွားသည်။ လွန်းပျံယာဉ်ဆီသို့ သူ့အသင်းဖော်များနောက် လိုက်သွားကာ ပိုင်​ကျောင်း ကို

“မင်း ဘာကို ​မျှော်လင့်နေတာလဲ” လို့ မေးလိုက်သည်။

ပိုင်​ကျောင်း ၏ မျက်ခုံးအနည်းငယ် ပင့်တက်သွားသည်။ သူ က ပေါ့ပေါ့ပါးပါး ပြုံးပြရင်း သူ့လက်ညှိုးသည် ရှည်လျားသောဆံပင်ကို ကောက်ကွေးကာ လိမ်လိုက်သည်။ 

“ဆေးတွေ အများကြီးလုပ်ထားပေမယ့် စမ်းသပ်မှု လုပ်ဖို့ သင့်​တော်တဲ့အရာကို ရှာမတွေ့သေးဘူး​လေ။ တစ်စုံတစ်​ယောက် က အကျိုးသက်ရောက်မှု စမ်းသပ်ဖို့ အစမ်းသပ်ခံ​လေး လုပ်​ပေးခဲ့မယ် ဆိုရင်၊ အရမ်း ​ကောင်းတာ​ပေါ့”

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now