Chapter 110 :​နေ့တိုင်း

4.6K 734 15
                                    

Chapter 110 :​နေ့တိုင်း

ရှဲ့စန်း နိုးလာ​တော့ သူ့လက်က မသိစိတ်အရ ကုတင်ရဲ့ တစ်ဖက်ခြမ်း ကို ထိလိုက်သော်လည်း ဗလာဖြစ်နေသည်။ ချက်ချင်းပဲ မျက်လုံး ဖွင့်ကြည့်လိုက်သည်။

"စောသေးတယ်။ မင်း ပြန်အိပ်ဦး" မိုင်နဲရဲ့ အသံက ကုတင်​​ ဘေးက​နေ ထွက်​လာသည်။

ရှဲ့စန်း က ခေါင်းကို လှည့်ကြည့်လိုက်တော့ က​လေးကို သူ့လက်နှစ်ဖက်နဲ့ ဖက်ထားပြီး နို့မှုန့်​ဖျော်တိုက်​နေတဲ့ မိုင်နဲ က ကုတင်ဘေး က ဆိုဖာမှာ ထိုင်နေတာကို တွေ့လိုက်ရသည်။ သူ အိမ်ပြန်ရောက်​နေတာ တစ်ပတ်ရှိ​နေပြီ ​ဖြစ်သည်၊ မိုင်နဲ စိတ်လှုပ်ရှား​နေတာ​တွေ က ​ပေါင်​ပေ့ကို နိ့မှုန့်​ ​ဖျော်တိုက်တဲ့အချိန် အားလုံး ​ပျောက်ကွယ်သွားကာ တည်ငြိမ်သွားသည်။

​က​လေး က ​နေ့တိုင်း အတူတူပဲ ဖြစ်သည်။ လဝက်​လောက် ရှိ​​နေပြီ ဖြစ်ပြီး သူ့ခန္ဓာကိုယ် က ​သေးငယ်ပြီး ဖြူ​ဖွေး​နေသည်။ ပေါင်​ပေ့ က ရှဲ့စန်းနဲ့ တူတဲ့ ဆံပင်အရောင် ရှိသော်လည်း သူ့ရဲ့ အသွင်အပြင် က မိုင်နဲနဲ့ ပိုတူသည်။ ​

ပြောရရင်​တော့ သူက အရမ်းလှတဲ့ ကလေးလေး ဖြစ်သည်။

​ပေါင်​ပေ့ က တိတ်ဆိတ်တဲ့ စရိုက်ရှိပြီး နို့သောက်တဲ့ အချိန် အရမ်း ​ကောင်းသည်။ သူ့လက် ​သေး​သေး​လေး ကို မြှောက်လိုက်ပြီး မိုင်နဲရဲ့ လက်ကောက်ဝတ် ကို ထိကာ သူ့မျက်လုံး​တွေ က မိုင်နဲ ကို စပ်စပ်စုစု ကြည့်နေသည်။ သူက မိုင်နဲ သူ့ကို ကြည့်​နေ​ကြောင်း သတိထားမိပြီး သူ့ရဲ့ ​ခေါင်း​သေး​သေး​လေး ကို ​ဘေးသို့ ​​စောင်းလိုက်သည်။

မိုင်နဲ က ချက်ချင်းပဲ အကြည့်ကို ဖယ်လိုက်ပြီး ​ပေါင်​ပေ့ကို မထိမိ​အောင် သူ့လက်အား ပေါင်​ပေ့ရဲ့ ခေါင်း နဲ့ အနည်းငယ် ​ဝေးရာသို့ ရွှေ့လိုက်သည်။

ရှဲ့စန်း ချက်ချင်း နိုးသွားပြီး ကုတင်အစွန်းမှာ ထိုင်လိုက်သည်။ သူက ​ပေါင်​ပေ့ရဲ့ လက်လေး ကို ညှစ်ပြီး ညင်သာစွာ ယမ်းလိုက်ကာ မိုင်နဲ ကို ကြည့်လိုက်သည်။

"ငါ မအိပ်တော့ဘူး။ ငါ ကောင်းကောင်း အိပ်ပြီးသွားပြီ။ မင်း ဘယ်တုန်းက နိုး​နေတာလဲ"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now