Chapter 34.1 : ​ပြောင်းပြန်ဖြစ်သွားတယ်

5.2K 1K 18
                                    

ရှဲ့စန်း သူ့ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် မိုင်နဲဘက်သို့ ရွှေ့လိုက်သည်။ မိုင်နဲက သူ့ကော်လာကို လှမ်းဆွဲချလိုက်ပေမယ့် သူ့လက်က လွတ်နေသည်။ သူ၏ အဝတ်အစားများ က အလွန် ပျော့ပျောင်းပြီး ရင်ဘတ်ကို ဖုံးအုပ်ထားသည့် မူလပုံစံသို့ ပြန်ပြောင်းသွားသည်။

ရှဲ့စန်း သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ ထိုအချိန်တွင် မိုင်နဲ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သူ့မျက်လုံးများသည် လောင်ကျွမ်းနေသကဲ့သို့ အနည်းငယ်နီရဲနေသည်။ သူ ရှဲ့စန်း ကို စိုက်ကြည့်ရင်း မသိစိတ်​ကြောင့် သူ့မျက်လုံးတွေက သူ့နှုတ်ခမ်းဆီ ရောက်သွားသည် ။

ရှဲ့စန်း သူ နိုးလာသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်ပြီး ရင်ဘတ်ကို တိတ်တဆိတ် လက်ညှိုးထိုးပြကာ ကော်လာကို ဆွဲချလိုက်ပြန်သည်။

ထို အထိအ​တွေ့​ကြောင့် မိုင်နဲ၏ မျက်လုံးများတွင် အံ့အားသင့်မှု ဖြတ်​ပြေးသွားပြီး ခဏ​လောက် ဘာမှမလုပ်ဘဲ နေလိုက်သည်။

ရှဲ့စန်း အရမ်း စိုးရိမ်နေခဲ့သည်။ သားရဲပုံစံ ​ပြောင်းလဲပြီး ပျောက်ကွယ်သွားမှာ စိုးရိမ်တဲ့အတွက် သူ  မိုင်နဲ၏ ကော်လာအနားကို ဆွဲကိုင်လိုက်သည်။ မိုင်နဲရဲ့ မျက်​လုံး​တွေမှာ အံ့သြမှု​တွေ တိုးလာ​ပေမဲ့ သူ သူ့ကိုမတားခဲ့​ပေ။

ရှဲ့စန်း ကော်လာကို ဆွဲချလိုက်ပြီး သားရဲပုံစံကို မြင်သောအခါ သူ့ခေါင်းကို ပို၍နီးကပ်လိုက်သည်။ သူပြောတာမှန်သည်။ မိုင်နဲရဲ့ သားရဲပုံစံ ပြောင်းလဲသွားသည်။ ဟိန်းဟောက်​နေ​သော ခြင်္သေ့၏ ​ဘေးနှစ်ဖက်စလုံးတွင် ရွှေ​ရောင် အမွေးတစ်စုံ ပေါ်လာသည်။ မိုင်နဲရဲ့ ရှုပ်ထွေးနက်နဲသော မျက်လုံးများနှင့် ဆုံသောအခါ ဒီရှာဖွေတွေ့ရှိမှု အကြောင်း မိုင်နဲကို ပြောပြရန် အသင့်ပြင်လိုက်သည်။

သူ့ ခန္ဓာကိုယ် အေးခဲသွားသည်။ သူ့ နှလုံးသားက ရုတ်တရက် အခုန်မြန်နေတာ ဘာကြောင့်လဲဆိုတာ သူ နားမလည်​ပေမယ့်၊ သူတို့နှစ်ယောက် တကယ် နီးကပ်နေပြီဆိုတာ သိလိုက်ရသည်။ သူ အနောက်ကို နည်းနည်း ပြန်ဆုတ်ကာ မိုင်နဲ၏ ရင်ဘတ်ကို လက်ညှိုးထိုးပြ၍ မိုင်နဲအား ကြည့်ရန် လက်ဟန်ပြလိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now