Chapter 102 : စွမ်းအင်​တွေ ​​လျော့နည်းလာခြင်း

4.6K 749 8
                                    

Chapter 102 : စွမ်းအင်​တွေ ​​လျော့နည်းလာခြင်း

ရှဲ့စန်းနဲ့ မိုင်နဲတို့ က ကြည့်ရှုနေသူတွေရဲ့ မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားကာ မြေပြင်ပေါ်ရှိ ကျောင်းသားတွေ က ရှုပ်ယှက်ခတ်နေပြီး အပြုံလိုက်ကြီး ပြိုကျသွားသည်။ 

"ဘာဖြစ်လို့လဲ? အခု ဘာဖြစ်သွားတာလဲ?"

အပြင်ဘက်က ကျောင်းသားတွေ က သူတို့ ခါးတစ်ဝိုက်၌ တင်းကျပ်မှု တစ်ခုသာ ခံစားခဲ့ရပြီး အတင်း ဆွဲထုတ်ခံရကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

အတွင်းဘက်ရှိ ကျောင်းသား​တွေ က “မင်း ဘာအတွက် လာအော်နေတာလဲ။ ထော့နဲ့ထော့နဲ့ ​သေချာ မရပ်နိုင်ဘူးလား”

 အပြင်က အတန်းဖော်​တွေရဲ့ ရှုပ်ယှက်ခတ်တာ ကို ခံရပြီး သူတို့ ပြားကပ်လုနီးပါး ဖြစ်သွားသည်ကိုသာ ခံစားခဲ့ရသည်။

 “မြန်မြန် ထစမ်းပါ။ ငါ့ခြေထောက်တွေ ကျိုးတော့မယ်"

နွယ်ပင်​တွေ က အလွန် လျင်မြန်စွာ ရွေ့လျားသွားသဖြင့် လူများစွာ က သူတို့ကို မမြင်လိုက်ရပေ။ တုံ့ပြန်နိုင်တဲ့ ကျောင်းသား​တွေ က လျင်မြန်စွာ တုံ့ဆိုင်းသွားကာ

“ငါ မျဉ်းအစိမ်း တစ်ကြောင်းပဲ မြင်လိုက်ရတယ် လို့ ထင်တယ်”

"မျက်လုံးတွေ မှုန်ဝါးနေတာ မဟုတ်ဘူးလား" တစ်ယောက်ယောက် က ​မေးလိုက်သည်။

အိမ်ပြန်ရောက်တော့ ရှဲ့စန်း က ဆိုဖာပေါ်မှာ မေးစေ့ကိုကိုင်ပြီး ထိုင်နေရင်း မျက်မှောင်ကြုတ်သွားသည်။ မိုင်နဲ က သူ့နဖူးကို ​ဖြေး​ဖြေး​လေး တွန်းလိုက်သည်။ 

“စိတ်မပူပါနဲ့”

ရှဲ့စန်း က သူ့ကို မော့ကြည့်လိုက်သည်။ "မင်း ဘယ်လိုထင်လဲ? တကယ်လို့ ရှဲ့စန်းရဲ့ မိဘတွေ ဖြစ်​နေရင် အဲဒါကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်း က ဘာလဲ?"

မိုင်နဲ က ဆံပင်​ အနက်​ရောင်နဲ့ အမရဲ့ စကား​တွေ ကို ​တွေးလိုက်​မိသည်​။ အေးစက်မှု က သူ့မျက်လုံးထဲမှာ တောက်ပသွားပေမယ့် မြန်မြန်ဆန်ဆန် ဖုံးကွယ်ထားလိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now