Chapter 85 : သဘောတူညီချက်

4.1K 770 4
                                    

Chapter 85 : သဘောတူညီချက်

ရှဲ့စန်း အဖွဲ့သည် ပင်လယ်တစ္ဆေရဲ့ ဧည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။ သူတို့ ဓာတ်လှေကားဆီသို့ လမ်းလျှောက်လာစဉ် ဆိုင်မွန် က လက်နက်ကိုင် လုံခြုံရေး အစောင့်လေးယောက်ဖြင့် တားကာ ခိုးမှုသံသယနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ အဲဒီအတွက် လူလေးယောက် က အဆင်သင့် ဖြစ်နေခဲ့သည်။ အလွန်တရာ ပူးပေါင်းဆောင်ရွက်ပေးကြပြီး အရာရှိတွေ ကို ခေါ်ဆောင်သွားခွင့် ပြုခဲ့သည်။

ရှဲ့စန်း က ဒေသခံရဲဌာန ကို သွားမယ်လို့ အစက ထင်ထားပေမယ့် အံ့အားသင့်စရာကတော့ ဆိုင်မွန် က သူတို့ကို ၈၇ထပ်ရှိ ခန်းမတစ်ခုဆီ တိုက်ရိုက်ခေါ်သွားခဲ့တယ်။

အခန်း က အရမ်း ကျယ်ဝန်းပြီး ညာဘက်တွင် အဖြူရောင် သားရေဆိုဖာများ တပ်ဆင်ထားသည်။ အပြာရောင် ရှပ်အင်္ကျီဝတ် အမျိုးသားတစ်ဦး က ထိုင်နေခဲ့သည်။ အပြာရောင် ဆံပင်နဲ့ အပြာရောင် မျက်တောင်ရှည်များဖြင့် အရမ်း ကြည့်ကောင်းတဲ့ မျက်နှာလေးရှိသည်။

ရှဲ့စန်း တိတ်တိတ်လေး အံ့ဩသွားပြီး၊ ဒါက မိတ်ကပ်လား ဒါမှမဟုတ် သဘာဝ အတိုင်းပဲလား။

သူ့အကြည့်တွေ က သိသာ ထင်ရှားလွန်းတာကြောင့် လန်နီ က သူ့ကို မျက်ခုံးပင့်ကြည့်လိုက်သည် ။ ရှဲ့စန်း က သူ့ရဲ့ ဖော်ရွေမှုကို ဖော်ပြဖို့ အတွက် သူ့ရဲ့ အပြုံးကို မသိစိတ်မှ ထုတ်ဖော်လိုက်သည်။ ဒီလူက ပင်လယ်တစ္ဆေရဲ့ အဆင့်မြင့် အဖွဲ့ဝင် ဖြစ်ရမယ်။

“မင်းသားလေး” ဆိုင်မွန် က လန်နီ ကို ဦးညွှတ်လိုက်သည်။

လန်နီ က ပေါ့ပေါ့ပါးပါးပဲ သူ့လက်ကို ဝှေ့ယမ်းပြီး ထွက်သွားဖို့ လက်ဟန်ပြလိုက်သည်။

ဒါပေမဲ့ လူလေးယောက် က ထူးဆန်းတယ် လို့ ဆိုင်မွန် ခံစားလိုက်ရတယ်။ သူတို့ရဲ့ ခွန်အား က မှန်းဆ၍မရဘဲ၊ လန်နီ တစ်ယောက်တည်း သူတို့နဲ့ တွေ့ဆုံတာ က အရမ်း အန္တရာယ်များသည်။

လန်နီက သူ့ကို လှမ်းကြည့်ပြီး "အပြင်ထွက်တော့"

ဆိုင်မွန်သည် ခန်းမထဲမှ ထွက်သွားကာ တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေရုံမှတပါး ရွေးချယ်စရာမရှိပေ။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now