Chapter 95: ကျန်​သေးတဲ့ စွမ်းအင်

4.4K 793 10
                                    

Chapter 95: ကျန်​သေးတဲ့ စွမ်းအင်

နောက်တစ်နေ့ မနက်တွင် ရှဲ့စန်း မျက်နှာသစ်ပြီး စားပွဲ၌ ထိုင်ကာ မီးဖိုချောင်မှ မနက်စာ ယူလာ​ပေးမယ့် မိုင်နဲ ကို ထိုင်​စောင့်​နေလိုက်သည်။ သူက အက်ဒမ်ကို

("ရေစွမ်းအင်ရဲ့ နေရာ ပြောင်းသွားပြီလား") လို့ သူ့စိတ်ထဲက​နေ မေးခဲ့သည်။

အက်ဒမ်က ခဏလောက်နေ​တော့ ပြန်ဖြေလာသည်။

( "အဲဒါက ဘရန့်ဒ်ဂြိုလ်နဲ့ ပိုနီးလာပြီ")

ရှဲ့စန်း က နေရာအတိအကျ ကို တောင်းပြီး ရေစွမ်းအင် ဘယ်လို ရွေ့နေတာလဲ ကြည့်ဖို့ မြေပုံပေါ်တွင်မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။ သူ့မျက်လုံး​တွေ က နည်းနည်း တောက်ပလာသည်။

( "ဘရန့်ဒ်ဂြိုလ်ဘက်ကို ရွေ့နေတယ်လို့ ငါ ဘာဖြစ်လို့ ခံစား​နေရတာလဲ")

အက်ဒမ်က ("ငါလည်း အဲဒီလိုပဲ ထင်တယ်")

ရှဲ့စန်း မြေပုံကို ကြည့်လိုက်သည်။ ("ကြားထဲမှာ လူတွေ နေထိုင်တဲ့ ဂြိုလ်နှစ်ခု ရှိသေးတယ်။ အဲဒီမှာ မရပ်ဘူး ဆိုရင် ဒီတစ်ခါတော့ ငါတို့ ကံကောင်းသွားပြီ")

အက်ဒမ် က စိတ်လှုပ်ရှားနေပုံနဲ့ ("အိုး....ဘရန့်ဒ်ဂြိုလ်ကို ရောက်လာခဲ့ရင် အရမ်း ကောင်းမှာပဲ")

မိုင်နဲ က မနက်စာကို ရှဲ့စန်း အရှေ့မှာ ချ​ပေးထားပြီး ယာဂု၊ ကြက်ဥပြုတ် နဲ့ ပြောင်းဖူးကို ချက်ကျွေးသည်။ အရမ်း စားလို့ကောင်းမယ့်ပုံ ​ပေါ်သည်။

ရှဲ့စန်း က ဖန်သားပြင်မှ မော့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်​တွေ ​ကော့တက်သွားသည်။

"ကျေးဇူးတင်ပါတယ်"

မိုင်နဲ က ငုံ့ကြည့်ကာ နှုတ်ခမ်းကို နမ်းလိုက်ပြီး မြေပုံကို ကြည့်လိုက်သည်။ "တစ်နေရာရာ ကို သွားချင်လို့လား"

ရှဲ့စန်း ခေါင်းယမ်းလိုက်ပြီး လက်ပတ်ကို ပိတ်လိုက်သည်။ ယာဂုကို ဇွန်းဖြင့် မွှေလိုက်သည်။

"စွမ်းအင် နေရာ က ပြောင်းသွားပြီ။ အခု ဘယ်ကိုသွား​နေတာလဲ ကြည့်နေတာ"

မိုင်နဲ သူ့​ဘေးမှာ ဝင်​ထိုင်​လိုက်​သည်​။ သူ့အရှေ့မှာ မနက်စာရှိပြီး ရှဲ့စန်း နဲ့ မတူ​ပေ။ အသားနဲ့ ကြက်ဥ ကို ​ရော၍ ကြော်ထားသည် ။ ရှဲ့စန်း က သူ့အာဟာရဖြည့်တင်းဖို့ ပြောင်းဖူးကို စားခိုင်းမှန်း ခန့်မှန်းမိသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now