Chapter 65 : အကျိုးသက်​ရောက်မှု

5K 918 52
                                    

Chapter 65 : အကျိုးသက်​ရောက်မှု

ရှဲ့စန်းနဲ့ မိုင်နဲ တို့ က ​လောင်ထန်း ကို အာကာသ ဆိပ်ကမ်းတွင် သွားခေါ်ခဲ့ပြီး မကြာမီ အဆောက်အအုံသို့ ပြန်ခဲ့ကြသည်။ ​လောင်ထန်း လွန်းပျံယာဉ်ပေါ်မှ ဆင်းလာသည်နှင့် တပြိုင်နက် သူ့ကို မြင်သူတိုင်းရဲ့ မျက်လုံး​တွေက ကြည့်လာခဲ့ကြသည်။

"ဒီ ​တောက်​ပြောင်​နေတဲ့ တစ်​ယောက် က ဘယ်က လာတာလဲ?"

"စစ်ဌာနမှာ ပါတနာ ကုမ္ပဏီ အသစ်ရှိ​နေပြီလား?" 

ဘေးရှိ ဖြတ်သွား ဖြတ်လာတွေက တိုးတိုး​ပြောပြီး မှန်းဆ​နေကြသည်။

​လောင်ထန်း က သူ ဘယ်​လောက် တောက်ပြောင်နေမှန်းမသိဘဲ ရှဲ့စန်း ကို စိတ်လှုပ်ရှားမှု အပြည့်ဖြင့် "နဂါးပျံ သားရဲ ဘယ်မှာလဲ ? ငါ သွားရှာလိုက်မယ်!"

ရှဲ့စန်း က သူ့ကို ဧည့်ခန်းထဲကို ခေါ်သွားသည်။ 

"မင်း အရင် မစားချင်ဘူးလား? မင်း ဆက်နွယ်ဖို့ ကြိုးစားရမှာ၊ မင်း အကောင်းဆုံးဖြစ်အောင် လုပ်သင့်တယ်"

​လောင်ထန်း ပြုံးလိုက်သည်။ 

"ငါ ယာဉ်ပေါ်မှာ စားခဲ့တယ်။ ငါ အခု အ​ခြေအ​နေ ​ကောင်းနေပြီး နဂါးပျံသားရဲကို တွေ့ချင်နေတာ"

ရှဲ့စန်း ရယ်လိုက်သည်။ "ဒါဆို မင်း ငါနဲ့လိုက်ခဲ့။ သူတို့က ကြီးလွန်းတာကြောင့် အပေါ်ထပ်မှာ နေရာ အလုံအလောက် မရှိဘူး​လေ။ သူတို့က မြေအောက်ခန်းထဲမှာ"

မြေအောက်ခန်း အဝင်ဝကို စောင့်နေတဲ့ လူထုခေါင်းဆောင် တစ်ယောက်ရှိသည်။ တံခါး နောက်ကွယ်မှ စူးစူးရှရှ နဂါးဟိန်းသံ ရုတ်တရက် ထွက်ပေါ်လာချိန်တွင် ရှဲ့စန်း သူ့ကို နှုတ်ဆက်နေသည်။ အသံက ပြင်းထန်လွန်းသဖြင့် မြေပြင် တုန်ခါသွားသည်။

မိုင်နဲရဲ့ မသိစိတ် က ရှဲ့စန်းရဲ့ နားရွက် ကို ဖုံးအုပ်လိုက်သည်။ ရှဲ့စန်း က သူ့ကို ပြုံးပြပြီး သူ အဆင်​ပြေကြောင်း ​ပြောပြသည်။
(T/N : လန်ကျန့်နဲ့ ဘာ​တော်လဲ? အ​ဖေ မတူ အ​မေ ကွဲ ညီအစ်ကို​တွေလား?)

​လောင်ထန်းရဲ့ မျက်လုံးများ တောက်ပလာသည်။ 

"သူ က ငါ့ကို အာရုံခံ​နေတယ်။ ငါတို့ရဲ့ ဆက်နွယ်မှုနှုန်း က အရမ်း မြင့်တဲ့ပုံပဲ၊ ငါ ခံစားလို့ရတယ်!"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now