Chapter 35 : ဆက်နွယ်ခြင်း

5.5K 1K 10
                                    

  သူ က အရပ်ရှည်ရှည် ပိန်ပြီး သူ့အဖေလိုပဲ အသားမည်းသည်။ သူ၏ အနက်​ရောင် မျက်လုံးများမှာ အထူးတောက်ပနေပြီး တံခါးဝ က​နေ ဝင်လာပြီးနောက် စွင်း​မောင်း ဆီသို့ ပြေးသွားခဲ့သည်။ သူ့လေသံက မယုံနိုင်မှု အပြည့်နဲ့ စိတ်လှုပ်ရှားနေသည်။

"မန်နေဂျာ စွင်း၊ မင်း ငါ့ကို ပို့လိုက်တဲ့ အချက်အလက်၊ အဲဒါ အမှန်လား?"

စွင်း​မောင်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့”

​​ဂျေး သည် ဧရာမခြင်္သေ့သားရဲ ကိုကြည့်လိုက်ပြီး နားမလည်နိုင်စွာဖြင့် မိုင်နဲ ကို ကြည့်လိုက်သည်။

 “သူ က အရမ်းကောင်းတယ်။ သူက ဧရာမခြင်္သေ့ သားရဲသခင်တိုင်း အတွက် စံပြ ဆက်နွယ်သားရဲပဲ။ မင်း တကယ်ပဲ သူနဲ့ မဆက်နွယ်ဘူးလား"

“အင်း” မိုင်နဲ ​ပြောလိုက်သည်။

စွင်း​မောင်း က ​ဂျေး၏ ပုခုံးကို ပုတ်လိုက်ပြီး စိတ်မကောင်းစွာဖြင့် ခေါင်းယမ်းလိုက်သည်။

 “သူ မလုပ်နိုင်ဘူး။ မင်းမိသားစုရဲ့ အရည်အချင်းတွေ​ကြောင့် ဂျူ​လော့စ်အကြောင်း မင်းသိပြီးပြီ မဟုတ်လား"

ဂျေး ခေါင်းညိတ်လိုက်သည်။ မိုင်နဲ အတွက်​ အရမ်းစိတ်​မ​ကောင်း ဖြစ်​​နေပြီး မိုင်နဲကို နှစ်​သိမ့်​ချင်​​ပေမဲ့ ဘာလိုပြောရမှန်း မသိ​အောင်​ ဖြစ်​သွားသည်။

မိုင်နဲ အကြည့်​တွေက မပြောင်းလဲဘဲ သတိ​ပေးလိုက်သည်။

“မင်း အခု စဉ်းစားရမှာ က သူ့ကို မင်း ဆက်နွယ်နိုင်လား?၊ မင်း သူနဲ့ ဆက်နွယ်ဖို့ ဆန္ဒရှိလား?”

ဂျေး သတိထားပြီး ကြည့်လိုက်တယ်။ စစ်​မြေပြင်တွင် တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေသလိုမျိုး သူရဲ့ ​အော်ရာ က စူးရှလာသည်။

မိုင်နဲက ရှဲ့စန်းအား ဘေးသို့ ဆွဲလိုက်သည်။ စွင်း​မောင်းလည်း ဘေးသို့ လျှောက်သွားလိုက်သည်။ ဤ​နေရာတွင် ​ဂျေးနှင့် ဧရာမခြင်္သေ့သားရဲပဲ ကျန်ခဲ့သည်။

​ဂျေး သည် ခြင်္သေ့သားရဲ ဆီသို့ လျှောက်သွားခဲ့သည်။ခြင်္သေ့ကြီး က ဟိန်း​ဟောက် လာသော်လည်း စိတ်ပိုင်းဖြတ်ထားသည့် အတိုင်း သူ ဆက်လျှောက်သွားခဲ့သည်။ သူသည် ဆက်၍ ချဉ်းကပ်ကာ ခြင်္သေ့ကြီးအား သူနှင့် တိုက်ခိုက်နေသကဲ့သို့ သူ့မျက်လုံးများကို စိုက်ကြည့်နေသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now