16. ပစ္စည်း ဥစ္စာများ

5.4K 1K 15
                                    

    " Knock, knock, knock " ဒုတိယအကြိမ် တံခါးအပြင်မှာ တိတ်ဆိတ်သွားပြီး ကျယ်​လောင်တဲ့ တံခါး​​ခေါက်သံ​တွေနဲ့ ဆူပူကြိမ်း​မောင်းသံ​တွေ ထွက်​ပေါ်လာခဲ့သည် ။

" ရှဲ့စန်းးးးးး နင်က ကြီးလာ​တော့ သတ္တိရှိလာတယ်​ပေါ့ ငါတို့​ရှေ့မှာ​တောင် တံခါးကို ပိတ်ရဲတယ်​ပေါ့ "

ရှဲ့စန်း​နောက်လှည့်ပြီး အခန်းထဲပြန်သွား​တော့မယ့်အချိန်မှာ သူ့နာမည်​ခေါ်သံကြားလိုက်ရသည်။ သူစဥ်းစားလိုက်ပြီး တံခါးပြန်ဖွင့်လိုက်သည်။ လူကြီးနှစ်​ယောက်ရဲ့ မည်း​မှောင်​နေတဲ့မျက်နှာကို ဂရုမစိုက်ပဲ ယဥ်​ကျေးစွာ​မေးလိုက်သည် ။

" ခင်ဗျားတို့က ဘယ်သူ​တွေလဲ ​မေးလို့ရမလား "

" ငါတို့က ဘယ်သူလဲလို့ နင် တကယ်​ မေးတယ်​ပေါ့ " အရပ်ပုတဲ့လူရဲ့အသံက ပိုကျယ်​လောင်လာပြီး

" ငါ့သားနဲ့ ​ချွေးမက နင့်ကိုအရွယ်​​ရောက်​အောင် ​​ကျွေးမွေးလာတာ​လေ၊ အခု သူတို့မရှိ​တော့ဘူးဆို​တော့ နင်က ငါတို့ကို မသိချင်​ယောင်​ဆောင်​​နေပြီ​ပေါ့ ၊ဟုတ်တယ် မဟုတ်လား ? "

ရှဲ့စန်းကို လက်ညှိုးထိုးပြီး  " နင်က ​မြေ​ခွေးလိုလူမျိုးဆိုတာ ငါသိခဲ့တယ်၊ တကယ်လို့ ငါ​သေသွားမယ်ဆိုရင်​တောင် သူတို့ နင်ကို​မွေးစားဖို့ ခွင့်​တောင်းတဲ့အချိန် ခွင့်မပြုပဲ ​​နေလိုက်ရမှာ "

သူက ခဏ​လေး​တောင် အသက်မရှူပဲ အသံ​ပြောင်းလိုက်ပြီး " ပထမ၂နှစ်မှာ​တော့ လူ​ကောင်း​လေးလို သရုပ်​ဆောင်ခဲ့ပြီး အခု​ ဘွဲရ​တော့မယ်ဆို​တော့ အ​တောင်​စုံလာပြီး ငါတို့ကို​တောင် မမြင်နိုင်​တော့ဘူး​ပေါ့ "

သူ့ လက်ညှိုးကို ရှဲ့စန်းခန္ဓာကိုယ်က​နေ အိမ်ကို​ပြောင်းထိုးလိုက်ပြီး

" နင် အခု​နေ​နေတဲ့ အိမ်က ဘယ်သူ့အိမ်လဲ​ဆိုတာ နင်သိရဲ့လား၊ နင်က အ​တောင်စုံသွားပြီဆို​တော့ နင် အထုပ်ပြင်ပြီး မြန်မြန်ထွက်သွား ၊ငါတို့က နင့်ကို ဆက်ပံ့ပိုး​ပေးစရာအ​ကြောင်းမရှိဘူး "

ရှဲ့စန်း သူ့ရဲ့ကျိန်ဆဲ​နေတာ​တွေ နား​ထောင်ရ​တော့ နားကို ပိတ်ပြီးသာ​ နေလိုက်​ချင်တော့သည် ။အခု ဒီလူ​တွေက ဘယ်သူလဲဆိုတာ သိသွားပြီးတဲ့​နောက်မှာ အရင် ခန္ဓာကိုယ်ပိုင်ရှင်​​ကြောင့် တိတ်တိတ်​လေး​နေပြီး နား​ထောင်​နေလိုက်သည် ။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now