Chapter 59 : စတုတ္တ အပင်အား အသက်သွင်းခြင်း

5.4K 861 10
                                    

Chapter 59 : စတုတ္တ အပင်အား အသက်သွင်းခြင်း

ရှဲ့စန်း က အက်ဒမ် ကို ခေါ်လိုက်​တော့

("အားစန်း ဘာလဲ၊ ဘာဖြစ်နေတာလဲ?")

ရှဲ့စန်း ငရုတ်ပင်ရဲ့ အောင်မြင်မှု ကို ချက်ချင်း ပြောပြခဲ့သော်လည်း ခရမ်းချဉ်သီး က မအောင်မြင်ခဲ့ပေ။ ရှုပ်​ထွေးသွားပြီး

( "အနီရောင် စွမ်းအင်တွေ ပြန်ကောင်းလာတယ်၊ ဒါပေမယ့် အနီရောင် အပင်ကို စိုက်လို့မရဘူး?")

အက်ဒမ်က (“ဟုတ်တယ်။ ခရမ်းချဉ်သီး​တွေ က စနစ်က လဲထားတဲ့ အပင်​တွေ မဟုတ်ဘူး​လေ။ သူတို့ရဲ့ ရှင်သန်မှု က စနစ်က ရတဲ့ အပင်တွေလောက် ခိုင်ခံ့မှုမရှိသလို၊ ဒီမြေဆီလွှာ က စားသုံးနိုင်တဲ့ အပင်​တွေ ကြီးထွားမှု အတွက် မသင့်လျော်ဘူး”)

("ဒါဆို အရင်က တောထဲမှာ ခရမ်းချဉ်သီးတွေ ဘယ်လိုပေါက်တာလဲ") ရှဲ့စန်း အံ့သြသွားသည်။

(“ကြီးထွားလာတဲ့ နေရာက အနီရောင် စွမ်းအင်နဲ့ နီးတယ်၊ ဒါပေမယ့် အခု စိုက်ပျိုးတဲ့ နေရာမှာတော့ အနီရောင် စွမ်းအင် မရှိဘူး​လေ”) အက်ဒမ်က ပြောသည်။

ရှဲ့စန်း က မျက်ခုံးကို ရှုံ့လိုက်ပြီး ("ဒါဆို စနစ်က ​​ရွေး​ပေးတဲ့ အပင်တွေက လွဲရင် ကျန်တာတွေ စိုက်ပျိုးလို့ မရဘူးလား")

(“မဟုတ်ဘူး၊ မြေဆီလွှာအရည်အသွေး မပြောင်းလဲသရွေ့ စိုက်လို့ရတယ်)

ရှဲ့စန်း က သက်ပြင်းချရင်း (“ဘရန့်ဒ်ဂြိုလ် မှာ စားသုံးနိုင်တဲ့ အပင်က နည်းနည်း​လေးပဲ ရှိတယ်၊ မြေဆီလွှာ အရည်အသွေးကို မြှင့်တင်နိုင်မယ်ဆိုရင် ဟိုးအရင်ကတည်းက တိုးတက်လာမှာ​ပေါ့။ စနစ်ရဲ့ အပင်​တွေ အတွက်သာ ဖြည်းညှင်းစွာ လဲလှယ်နိုင်ပုံရတယ်။ တောရိုင်း အပင်တွေကို အားကိုးလို့ မရဘူး”)

အက်ဒမ်က (“ငါတို့ တောရိုင်းပင်တွေ ကို စိုက်ပျိုးနိုင်တယ်။ စနစ်ရဲ့ အပင်​တွေ က စွမ်းအင်တစ်မျိုးစီနှင့် ကိုက်ညီပြီး ​မြေမှာ စိုက်ပြီးရင် မြေဆီလွှာ အရည်အသွေးကို မြှင့်တင်ပေးနိုင်တယ်”)  (“စနစ်ရဲ့အပင်တွေ ကို ငါ့ရဲ့ စွမ်းအင် ဒြပ်စင်ငါးခုက​နေ စိုက်ပျိုးထားတာ၊ အဲဒါက အရမ်း အစွမ်းထက်တယ်”)

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now