ပြန်လည်​မွေးဖွားခြင်း 1.2

7.1K 1K 8
                                    

ရှဲ့စန်း ​ဆရာဝန်လုပ်သလို ဆက်သွယ်​ရေးကိရိယာဖွင့်လိုက်ပြီး bill​ပေး​​​ချေခဲ့တယ်၊သူဆင်းရုံမှာ နှစ်ရက်ပဲ​နေတာကို အားလုံး​ပေါင်း ၂၈၈၀၀​တောင် ကျတယ်

အဲ့ဒါက အရမ်း​စျေးမကြီးလွန်းဘူးလား၊​ပေး​ချေတဲ့ခလုတ်ကိုနှိပ် ​သူ့လက်​ဗွေရာသုံးပြီး ​ပေး​ချေခဲ့တယ်၊ အဲ့ဒီ​နောက်မှာ စာ​ရောက်လာခဲ့တယ်၊
စာကိုကြည့်လိုက်​တော့ သူ့လက်ကျန်​ငွေက ဒင်္ဂါး ၅၀၀နဲ့ ၆၃​ပြား ကျန်တယ်။

ဆရာဝန်က "မင်းရဲ့ ​ဆေးရုံခ က ​ပေးပြီးသွားပြီ၊ အချိန်မ​ရွေး ​ဆေးရုံကဆင်းလို့ရပြီ၊ ​နေလို့မ​ကောင်းဘူးလို့ ခံစားရရင် ​ဆေးရုံကိုဖြစ်နိုင်သမျှ ​စောစောလာခဲ့ပါ။"

ရှဲ့စန်း​ခေါင်းညိတ်ပြပြီး ဆရာဝန်ရဲ့အကူအညီနဲ့​ဆေးရုံဆင်းခဲ့တယ်၊မိနစ်နှစ်ဆယ်ကြာပြီး​နောက် ​တွေ​ဝေ​နေတဲ့မျက်နှာထားနဲ့ လမ်းမ​ပေါ်မှာ မတ်တပ်ရပ်​နေခဲ့တယ်

သူ့အ​ရှေ့ကလမ်းမကြီးဟာ သူအရင်တုန်းက​ရောက်ဖူးတဲ့မြို့တိုင်းမှာရှိတဲ့ လမ်းမ​တွေထက် ပိုပြီး​တော့ကြီးမားကျယ်ပြန့်တယ်၊ လမ်းမ​ပေါ်မှာကားမျိုးစုံရှိ​နေပြီး အကုန်လုံးနီးပါးကို သူတစ်ခါမှမမြင်ဖူးဘူး

ပျံသန်း​ရေးကိရိယာမျိုးစုံက ​လေထဲမှာ ပျံသန်း​နေကြတယ်၊အဲ့ဒီအထဲမှာ ငှက်​တွေလည်းပါတယ်၊ ငှက်​တွေက အရမ်းကြီးပြီး အရမ်းမ့န်တယ်၊ တစ်ချို့လူ​တွေက ငှက်​တွေ​ပေါ်မှာစီး​နေတာကို ရှဲ့စန်း​တွေ့  ခဲ့တယ်။

ရှဲ့စန်း သူ့လက်သူ ဆွဲဆိတ်ခဲ့ပြီး နာကျင်လာတယ်၊ သူအသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်​လျှော့ဖို့ကြိုးစားခဲ့တယ်၊ ဒါ​ပေမယ့်မတတ်နိုင်ဘဲ သူအာ်မိသွားတယ်၊
      "F**k"

​ဆေးရုံမှာတုန်းက တစ်ခုခုထင်ခဲ့​ပေမယ့် သူ​သေချာမစဥ်းစားမိခဲ့ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့မျက်စိ​ရှေ့မှာရှိတဲ့ဟာ​တွေကို ကြည့်ရတာ "သူတစ်ခြားကမ္ဘာတစ်ခုမှာ ပြန်လည်​မွေးဖွားလာခဲ့တာ ဖြစ်နိုင်တယ်"

သူ့ဆက်သွယ်​ရေးကိရိယာကိုဖွင့်ပြီး profileကိုကြည့်လိုက်​တော့ နာမည်နဲ့ဓါတ်ပုံက သူနဲ့အတိအကျတူ​နေတယ်၊ ဒါ​ပေမယ့် ကျန်တာ​တွေက တစ်ခုမှမတူဘူး

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now