Chapter 97: စွမ်းရည် မြှင့်တင်ခြင်း

4.4K 791 24
                                    

Chapter 97: စွမ်းရည် မြှင့်တင်ခြင်း

လွန်းပျံယာဉ်သည် သူတို့၏ အိမ်အဝင်ဝတွင် ဆင်းသက်ခဲ့သည်။ မိုင်နဲ က ရှဲ့စန်း ကို အိပ်ခန်းထဲ သယ်သွားပြီး ကုတင်ပေါ် တင်၍ သူ့ခန္ဓာကိုယ်က အောက်သို့ ရွှေ့ကာ ရှဲ့စန်းရဲ့ ဘောင်းဘီ ကို ဖြည်းညှင်းစွာ လိပ်တင်လိုက်သည် ။

ရှဲ့စန်း ထထိုင်လိုက်သည်။ မိုင်နဲ က ခြေထောက်ကို ဆုပ်ကိုင်လိုက်ပြီး ခြေကျင်းဝတ် ကို လေးလေးနက်နက် စိုက်ကြည့်ကာ ပြန်ဝတ်ပေးလာသည်။

သူ့ကို ပြန်ဝတ်ပြီးနောက်၊ မိုင်နဲ က သူ့ခြေဖမိုး ကို နမ်းလိုက်တော့ သူ့ခြေချောင်းတွေ က မသိစိတ်အရ တွန့်လိမ်သွားသည်။ မိုင်နဲ က မျက်လုံးတွေကို မော့ကာ သူ့ကို လေးလေးနက်နက် ကြည့်လာပြီး

"နောက်တစ်ခါ ထပ်မချွတ်နဲ့ ဟုတ်ပြီလား"

သူ့မျက်ခုံးတွေ တွန့်သွားပြီး ရှဲ့စန်းရဲ့ ခြေကျင်းဝတ် အရိုးကို သူ့လက်မနဲ့ ပွတ်လိုက်သည်။

"ကိုယ် အဖွင့်၊ အပိတ် လုပ်ရတဲ့ ချိတ်ကို အသေ အဖြစ်ပြောင်းပစ်ချင်တယ်၊ ဒါပေမယ့် အရေးပေါ် အခြေအနေမှာ ဖြုတ်ဖို့ လုပ်ရမှာကို စိုးရိမ်နေတယ်"

ရှဲ့စန်း က မိုင်နဲ က စွမ်းအင်ကြောင့် မထိခိုက်တာ တွေ့လိုက်ရတော့ စိတ်သက်သာရာရပြီး မိုင်နဲရဲ့ လည်ပင်း ကို ထိလိုက်သည်။

"အင်း၊ အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူး" သူ့လက်ဖဝါး ကို မိုင်နဲရဲ့ လည်ပင်း အနောက်သို့ ရွှေ့လိုက်ပြီး နည်းနည်း ဖိချလိုက်သည်။

မိုင်နဲ က ရှဲ့စန်း ဖိတဲ့အတိုင်း ရှေ့ကို တိုးလိုက်တော့ ရှဲ့စန်း က သူ့ကို နမ်းလာပြီး နောက်ပြန် မဆုတ်နိုင်ခင် ပြန်ဆွဲကာ သူ့နှုတ်ခမ်း နီရဲသွားးသည် အထိ နမ်းလိုက်သည်။

ရှဲ့စန်း က သူ့နဖူးကို ဖိလိုက်သည်။ "မင်း အခုထိ စိတ်မချသေးဘူးလား"

မိုင်နဲ မျက်​လုံး​တွေ မည်းနက်သွားသည်​။

"မင်းရဲ့ လုံခြုံရေး အတွက် ကိုယ် စိတ်ပူတယ်"

သူ အနောက် ပြန်ဆုတ်ကာ ရှဲ့စန်းရဲ့ မေးစေ့ကို မော့လိုက်ပြီး ရှဲ့စန်းရဲ့ ပါးကို နမ်းလိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now