Chapter 29.1 : ပြိုင်ပွဲ

5.1K 998 15
                                    

​ပျော်စရာ သီတင်းကျွတ် လပြည့်​နေ့​လေးပါ😊 သီတင်းကျွတ် လပြည့်​​နေ့မှာ ကန်​တော့ချင်​ပေမယ့် အမျိုး​တွေ က အ​ဝေးမှာ၊ မကန်​တော့ရ​​တော့ မုန့်ဖိုး ​ပေးစရာ မရှိလို့😔 ၁ပိုင်း တင်​ပေးလိုက်တယ်​နော်၊ မနက်ဖြန် ပြန်​တွေ့ပါ့မယ်ရှင့်😘🤎🤎🤎

Chapter 29.1 : ပြိုင်ပွဲ

ကော့စ်မိသားစု? အဲဒါ မိုင်နဲရဲ့ မိသားစုလား။

ရှဲ့စန်း သည် ဧရာမခြင်္သေ့ကြီးကို ကြည့်ကာ "ခြင်္သေ့ကြီးကို တစ်​ယောက်ထက် ပိုတဲ့ သားရဲသခင်​တွေ က ဆက်နွယ်ချင်ရင် ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်သည်။

“A အဆင့် ဆက်နွယ်သားရဲတွေရဲ့ ပေါက်ဈေးက သန်း ၂၀ ရှိတယ်။ ငါတို့က အရင်ဆုံး ပိုက်ဆံ​ပေးပြီး အမြင့်ဆုံး ဆက်နွယ်မှုနှုန်းထား ရှိတဲ့ သခင်​ကို ​ရောင်းမှာ" ဟု စွင်း​မောင်း က ပြောသည်။

ရှဲ့စန်း မျက်လုံး ပြူးသွားသည်။ သန်း ၂၀!!! မိုင်နဲမှာ အဲဒီ​လောက် ပိုက်​ဆံ ဘယ်လိုလုပ် ရှိနိုင်​မှာလဲ?

သူတွေးနေစဉ် သူ၏ လက်ပတ်မှ အသံထွက်လာပြီး ဆက်သွယ်ရေး မျက်နှာပြင်ကို စစ်ဆေးရန် သူ၏ လက်လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ မိုင်နဲ ပဲ!  စွင်း​မောင်းအား

“ကျွန်​တော့်မှာလည်း ဧရာမခြင်္သေ့ သားရဲသခင်ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ်။ကျွန်​တော် သူ့ကို ​ခေါ်လိုက်မယ် ဆိုရင် မင်း သူ့ကို အထဲဝင်ဖို့ ခွင့်ပြုပေးနိုင်မလား?"

ရှဲ့စန်း၏လက်မှ လွတ်သွားပြီးနောက် ထရန် ပြင်​နေသော ဧရာမခြင်္သေ့ကြီးအား ကြည့်ကာ

"မင်း သူ့ဒဏ်ရာတွေ ကို သန့်စင် ပေးလိုက်ပါ၊ ငါ သူ့ကို​ခေါ်ဖို့ တစ်​ယောက် လွှတ်လိုက်ပါ့မယ်" လို့ပြောလိုက်သည်။

ရှဲ့စန်း က ခေါင်းညိတ်ပြပြီး မိုင်နဲကို စွင်း​မောင်း စီစဉ်ပေးထားသည့် လူများနှင့်အတူ ဝင်လာရန် တောင်းဆိုလိုက်သည်။ တွေးတောပြီးနောက် သူသည် စိတ်ပိုင်းဆိုင်ရာ အဆင်သင့် မဖြစ်မည်ကို စိုးရိမ်သဖြင့်

"ကော့စ်မိသားစုက လူ​တွေလည်း ဒီနေရာမှာ ​ရောက်နေတယ်" ဟု ပြောလိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now