Chapter 52 : မ​ကောင်းတဲ့ အကြံ

5.3K 935 25
                                    

Chapter 52 : မ​ကောင်းတဲ့ အကြံ

သစ်အယ်သီး​ရောင် ဆံပင်နဲ့ ကောင်လေးက တောထဲမှာ ရှဲ့စန်း တွေ့ခဲ့တဲ့ လူလေးယောက်ထဲ က တစ်ယောက် ဖြစ်သည်။ သူ က ရှဲ့စန်းရဲ့ စကားကို ရယ်မောလိုက်ပြီး ဂျူ​လော့စ် ကို ကြည့်လိုက်သည်။ 

“ခြင်္သေ့သားရဲကို ရေချိုးဖို့ အတွက် ဒီဆိုင်ကို လာဖို့ ဂျူ​လော့စ်က အကြံ​ပေးတယ်​လေ။ ဒါက ငါ့သူငယ်ချင်းရဲ့ ဆက်နွယ်သားရဲ​လေ၊  အထူးသဖြင့် ရေချိုးရတာ မကြိုက်ဘူး၊ ကျွန်တော့် သူငယ်ချင်း က ကျွန်တော့်ကို ကူညီပေးဖို့ တောင်းဆိုထားတာ၊ မင်းနဲ့တွေ့မယ်လို့ မမျှော်လင့်ထားဘူး။"

ရှဲ့စန်း တွေးလိုက်မိသည်။ အံ့သြစရာ မဟုတ်​တော့ဘူး။ ကျင်းကျန် က ဂျူ​လော့စ် နဲ့ စီးပွားရေး မလုပ်​တော့ဘူး လို့ ကြေညာထားခဲ့တဲ့ အတွက် သူနဲ့အတူ ဒီမှာ ပေါ်လာတာပဲ။

ရှဲ့စန်း သစ်အယ်သီး​ရောင် ဆံပင်နဲ့ ကောင်လေးရဲ့ ကြီးမားတဲ့ အပြုံးကို ကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။

"ရိုဟတ်၊ မင်း အဓိပ္ပါယ်တာ​တွေ ​ပြော​နေတာပဲ" ဂျူ​လော့စ် က စိတ်မရှည်စွာဖြင့် မျက်မှောင် ကြုတ်လိုက်သည်။

 “ခြင်္သေ့သားရဲက အဲဒီနေရာကို ဖြိုချလု နီးပါးပဲ။ မင်းဘာလို့ အမြန် မလုပ်တာလဲ? သူတို့ကို ရေချိုးခိုင်းလိုက်​တော့​လေ"

ရိုဟတ် ဟု ​အမည်ရသော သစ်အယ်သီး​ရောင် ဆံပင်နဲ့ ကောင်လေး က ဂျူ​​​လော့စ်ရဲ့ သဘောထားကို ကျင့်သားရနေပုံရပြီး သိပ်ဂရုမစိုက်ခဲ့​ပေ။ သူ ရှဲ့စန်း ကိုကြည့်ကာ

"ဒါနဲ့ မင်း တစ်ချက် ကြည့်သင့်တယ်။ သားရဲသခင်က ဒီမှာ မရှိလို့လား မသိဘူး၊ ခါတိုင်းထက် ရေချိုးရတာ ပိုခက်နိုင်တယ်”

ရှဲ့စန်း အရူးတစ်ယောက်လို ပြေးလွှား ဟိန်းဟောက်နေပုံရတဲ့ ခြင်္သေ့ကြီးအား ကြည့်လိုက်သည်။ သူရဲ့ လှုပ်ရှားမှုကို ကြည့်ကာ သွားမယ့် လမ်းကြောင်းကို လျှောက်သွားလိုက်သည်။ သူ့ကို မတိုက်မိစေရန် ​ခြေလှမ်း နှစ်လှမ်းဆုတ်ကာ သူ့ကိုထိရန် လက်တစ်ဖက်ဆန့်ပြီးကို လှမ်းထိလိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now