Chapter 28:ဧရာမခြင်္သေ့သားရဲ

5.6K 1K 35
                                    

Chapter 28 : ဧရာမ ခြင်္သေ့သားရဲ

ရှဲ့စန်း သည် တစ်လုံးလုံး အကုန်မ​ကြော်​တော့ဘဲ အာလူးကို အခွံခွာပြီး တစ်ဝက်ကို ​​ကြော်၍ ကျန်တစ်ဝက်ကို အတုံးသေးသေးလေးများဖြစ်အောင် လှီးဖြတ်ကာ အာလူးစွပ်ပြုတ်ကို ပြုလုပ်ခဲ့သည်။ အာလူးသည် စနစ်၏ အကောင်းဆုံးအရည်အသွေးဖြစ်ပြီး အသားသည် အရိုင်းဆန်ပြီး သဘာဝအတိုင်း ကြီးထွားလာသောကြောင့် နှစ်မျိုး​ရောလိုက်​သောအခါ ထူးထူးခြားခြား စွဲမက်ဖွယ်ရနံ့ ထွက်လာသည်။

ရှဲ့စန်း တံ​တွေး မျိုချလိုက်သည်။ ဟင်းသီး ဟင်းရွက်စားဖို့ အချိန်အကြာကြီး မစောင့်နိုင်တော့ဘူး။

အာလူးနှင့် အသားများကျက်ကြောင်း သေချာစေရန် တူဖြင့် ထိုးကြည့်ပြီး ပန်းကန်လုံး နှစ်လုံးဖြင့် ထည့်လိုက်သည်။

မိုင်နဲ၏ ဘယ်လက်သည် တံခါးဘောင်နှင့် ဆန့်ကျင်ဘက်တွင်ရှိပြီး ညာလက်သည် တံခါးအစွန်းနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် တံခါးဝကို ပိတ်ဆို့ထားသလို ဖြစ်​နေသည်။ အဖိုးရှုတာ့ သည် မိုင်နဲ၏ ဘယ်လက်ကို သူ့လက်များဖြင့် ကိုင်ထားပြီး အတွင်းဘက်ကို ကြည့်ရန် လည်ပင်း ဆန့်ထုတ်ရင်း နှာခေါင်းရှုံ့၍ အနံ့ခံ​နေသည်။

 “ဘာ​တွေဖြစ်​နေတာလဲ? အထဲဝင်ကြည့်ခွင့်​ပေးပါ။ အနံ့ က အရမ်းကောင်းတယ်!”

အဖိုးက ရှဲ့စန်း ကိုတွေ့တော့ လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်တယ်။ 

"​ရှောင်စန်း မင်း ဘာဟင်း​တွေ ထပ်ပြီးချက်နေတာလဲ"

ရှဲ့စန်း ကူကယ်ရာမဲ့ သွားတယ်။ ဒီအဖိုးရဲ့ နှာခေါင်းက အရမ်းကောင်းတာပဲ။ အမွှေးနံ့​ဖော်တဲ့ ခေါင်းစွပ်ရှိ​နေတာလား လို့ သူ သိချင်နေခဲ့တယ်။

မိုင်နဲ မျက်​​မှောင်​ကြုတ်​ကာ “အဘိုး၊ လွှတ်လိုက်ပါ။ ကျွန်​တော် တံခါးပိတ်​​နေတယ်​​လေ။"

"အနံ့ အရမ်းကောင်းတဲ့တာ ကြည့်ခွင့်​ပေး၊ အဲ့ဒါဆို လွှတ်​ပေးမယ်”

အဖိုးက ရှဲ့စန်းကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now