17. အပင် ဌာန

5.7K 1.1K 25
                                    

                  Chapter 17:  အပင် ဌာန

    ရှဲ့စန်း copyကူးလိုက်ပြီး replyပြန်ဖို့လုပ်လိုက်သည်။

[ reply ပြန်လို့မရပါ ]

ရှဲွစန်း ​ကြောင်သွားပြီး မျက်နှာပြင်​ပေါ်က signalကို ကြည့်လိုက်မိသည် ။ အဲ့ဒါက အပြည့်ပဲ ဆို​ပေမယ့် video ​အောက်က ထိပ်ဆုံး comment နှစ်ခုက ပျက်သွားခဲ့သည်။

[ ဘာဖြစ်သွားတာလဲ ​ရွှေအဆင့်နှစ်​ယောက်စလုံးက သူတို့ comment ​တွေကို ဖျက်သွားတာလား ]

[ ရှုပ်​ထွေး​နေတဲ့ emoji....]

[ ငါ့ရဲ့ သိချင်စိတ်က ပိုတိုးလာပြီ ]

ဌာနမှူးနှစ်​ယောက်က အ​ရေးကြီးတဲ့ အချက်အလက်ကို ​ပြောပြီးမှ ရုတ်တရက်ကြီး comment ဖျက်သွားတာလဲဆိုတာ ကို အ​ကြောင်းပြချက် မျိုးစုံနဲ့ ​ပြော​နေကြသည်။

ဆက်နွယ်သားရဲ အဖွဲ့အစည်းမှာ​တော့ ​ချော​မောတဲ့လူတစ်​ယောက်က ရုံးထိုင်ခုံမှာမှီထိုင်​​နေပြီး လက်နှစ်ဘက်ကိုတင်ထားခဲ့သည် ။ သူက ဆန့်ကျင်ဘက်မှာထိုင်​နေတဲ့လူကို ပြုံးပြ​နေပြီး

" ​ဒေါသမထွက်ပါနဲ့၊ ကိုယ့်ခန့်မှန်းချက်ကို မ​ပြောခဲ့ဘူး​ဆိုတာ မင်းမြင်သားပဲ၊ ပြီး​တော့ replyကိုလည်း ဖျက်လိုက်ပြီ​လေ "

" မင်းက ​ပြောချင်​နေ​သေးတာလား ၊ တကယ်လို့ ငါသာ အချိန်မှီ မ​တွေ့ခဲ့ဘူးဆိုရင် အ​ဖြေရတာနဲ့ မင်းရဲ့ comment ​အောက်မှာ မင်းကိုယ်တိုင် reply သွားပြန်​တော့မှာ မဟုတ်ဘူးလား "

အရပ်ရှည်ရှည်နဲ့လူရဲ့လက်က ခုံကို ​ခေါက်​ကာ သူ့ရဲ့ ​ချော​မောတဲ့မျက်နှာကို​ ​​ဘေးစောင်းကြည့်လိုက်ပြီး

" မုလင်း, ဦး​နှောက်သုံးစမ်းပါ ၊ဟုတ်ပြီလား?  မင်း စကားအကုန်​ပြောလိုက်ပြီး တစ်ကမ္ဘာလုံးသိသွားတာကို စဥ်းစားကြည့်စမ်း "

မုလင်း ခန္ဓာကိုယ် ​ရှေ့တိုးလိုက်သည် ။နှစ်​ယောက်သား မျက်နှာချင်းဆိုင်ပြီး အရမ်းနီးကပ်​နေသည် ။မုလင်းရဲ့လက်က သူ့လည်ပင်းနားကို ပွတ်သပ်လိုက်ပြီး မျက်ခုံးပင့်ကာ​ ပြောလာသည်။

" ဘာကို ​ကြောက်ရမှာလဲ, မင်း ဒီမှာရှိ​နေတယ်​လေ "

​သူ့ကို စိုက်ကြည့်လာပြီး " ငါ့ရဲ့ကျန်တဲ့ ဘဝတစ်​လျောက်လုံး မင်းရဲ့ လက်​ထောက်ဖြစ်​ပေးဖို့ အစီအစဥ်မရှိဘူး​နော် "

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now