Chapter 72: ပြန်တိုက်ခိုက်ခြင်း

4.8K 844 6
                                    

Chapter 72: ပြန်တိုက်ခိုက်ခြင်း

ရှဲ့စန်း က ထွမ်းထွမ်း အား လင်းယုန်ငှက် ကို ရှာဖွေရာမှာ ကူညီပေးဖို့ တောင်းဆိုခဲ့ပြီး မိုင်နဲ မတော်တဆမှုဖြစ်ခဲ့ရင် ရဲစခန်းကို စောင့်ရှောက်ပေးဖို့ လင်းယုန်ငှက် ကို ပျံသန်းခိုင်းခဲ့သည်။ ဒါ​ပေမယ့်​ သူ အကုန် ​စီစဉ်​ပြီးတာ​တောင်​ စိတ်​ရှုပ်​​နေတုန်းပဲ ဖြစ်သည်။

၂နာရီ အကြာတွင် သူ့ရဲ့ ဆက်သွယ်ရေးစက် က အသံ ထွက်လာသည်။ ဖုန်းခေါ်တဲ့ သူကို ကြည့်လိုက်တော့ သူ အံ့ဩသွားပြီး “မိုင်နဲ ဘယ်လိုနေလဲ?"

“ကိုယ် အဆင်ပြေပါတယ်” မိုင်နဲ အသံ က တည်ငြိမ်နေသည်။ 

“ကိုယ် အခု စစ်ကြောရေး အခန်းမှာ ရောက်နေတော့ ဖုန်းခေါ်ချိန် က အကန့်အသတ် ရှိတယ်။ ကိုယ့်ရဲ့ လျှောက်လွှာကို အတည်ပြုပြီးလို့ ဂျူလော့စ် အမှု ကို မနက်ဖြန် မနက် ၈ နာရီမှာ ရုံးတင်စစ်ဆေးလိမ့်မယ်၊ တရားဝင် တရားရုံးချန်နယ်မှာ ကြည့်လို့ရတယ်"

"ဘာ...?" ရှဲ့စန်း အံ့သြသွားသည်။ "တရားခွင် ကို တိုက်ရိုက်  live လွှင့်မယ်လို့ ဆိုလိုတာလား"

“ဟုတ်တယ်၊ စိတ်မပူနဲ့၊ ကိုယ် အဆင်ပြေမှာပါ” မိုင်နဲ က သူ့ကို စိတ်ချစေပြီး “ညစာ စားပြီးပြီလား” လို့ မေးတယ်။

ရှဲ့စန်း မီးဖိုချောင်ရှိ အသားတွေ ကို လုံးဝ မေ့သွားခဲ့သည်။ မိုင်နဲ ပြောတာကို ကြားလိုက်​ရ​တော့မှ ဗိုက်​ဆာ​နေပြီ ဆိုတာ သိလိုက်​ရသည်​။ မိုင်နဲ က သူ့ရဲ့ တုံ့ဆိုင်းမှုကို တွေ့ပြီး သူ့အသံက တိုးသွားသည်။

“မင်းကို စိတ်ပူစေမိလို့ တောင်းပန်ပါတယ်။ မင်း သွားစားပြီး အနားယူလိုက်ပါ။ ကိုယ့်ရဲ့ ဆက်သွယ်မှု က ပြီးတော့မယ်”

ရှဲ့စန်း က ချက်ချင်း သဘောတူလိုက်ပြီး အင်း၊ မင်း...မင်းကို ဘယ်သူမှ အနိုင်မကျင့်ဘူး ဟုတ်တယ်မလား?"

မိုင်နဲ က ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး “အနိုင်မကျင့်ပါဘူး၊ မင်း ဘယ်​သူ့ကို အကူအညီ​ တောင်းခဲ့တာလဲ"

ရှဲ့စန်း သက်ပြင်းချလိုက်သည်။ “ကူညီနိုင်မယ့်သူတွေ ကို ရှာခဲ့တယ်။ ဒါနဲ့၊ လင်းယုန်ငှက် ရဲစခန်းနားမှာ ရှိနေတယ်၊ တစ်ခုခု ဖြစ်ရင် မင်း သူ့ကို မက်ဆေ့ချ် ပို့ပေးလိုက်!”

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now