Chapter 63 : နဂါးပျံသားရဲ

4.9K 896 30
                                    

Chapter 63 : နဂါးပျံသားရဲ

ရှဲ့စန်း က ခန္ဓာကိုယ် ၁မီတာထက် ရှည်​သော အ​ကောင်​တွေ ကို ​ကြောက်သည်။ အထူးသဖြင့် မနီးမဝေးတွင်ရှိပြီး ခန္ဓာကိုယ် အရှည်မှာ ဆယ်မီတာထက်​ပိုသော စပါးအုံး ​မြွေကြီးလို အကောင်​တွေ ကို ကြောက်သည်။ အရမ်း ကြောက်စရာကောင်းတယ်။

မသိစိတ်က သူ့အသက်ရှုသံ ကို ထိန်းလိုက်သည်။

"ချစ်ပ်!" သူ့ပခုံးပေါ် နား​နေတဲ့ ထွမ်းထွမ်းက​တော့ ဆန့်ကျင်ဘက် အ​နေနဲ့ တုံ့ပြန်မှု တစ်ခုရှိလာသည်။ စိတ်လှုပ်ရှားစွာ အော်ရင်း အတောင်ပံများကို ဝှေ့ယမ်းကာ စပါးအုံးမြွေကြီးဆီသို့ အပြေးအလွှား သွားပြီး သူ့ရဲ့ မျက်လုံး ဝိုင်းဝိုင်း​လေး​တွေ က အလွန် တောက်ပ​နေတဲ့ အလင်းတန်းများ နှင့် ပြည့်နှက်နေသည်။

ရှဲ့စန်း က "ထွမ်ူထွမ်း ပြန်လာခဲ့!"

ထွမ်းထွမ်း က ​​လေထဲတွင် မဝံ့မရဲ ရပ်လိုက်ပြီး ရှဲ့စန်းကိုကြည့်ကာ သူ့ရဲ့ ညာတောင်ပံကို မြှောက်၍ စပါးအုံးမြွေကို ညွှန်ပြနေလိုက်သည်။

"ချစ်ပ်! ချစ်စ်ပ်!"

ရှဲ့စန်း ဒီတုံ့ပြန်မှုကို အကြိမ်များစွာ မြင်ဖူးသော်လည်း အရင်က သူ့ရဲ့ အတောင်ပံ​တွေ ညွှန်ပြသည့် အရာများမှာ ဖရဲသီးအခွံများသာ ဖြစ်သည်။ သူက ထွမ်းထွမ်း ကို မယုံနိုင် ဖြစ်​နေတဲ့ မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ထွမ်းထွမ်း အ​ကောင်စုတ်​လေး! တွေးရဲလိုက်တာ! တစ်ကိုယ်လုံး ကြည့်​တော့ လက်တစ်ဆစ် ​လောက်ပဲ ရှိပြီး ဧရာမ စပါးအုံးမြွေကြီး ကို စားဖို့ စဥ်းစားရဲတယ်

"အန္တရာယ်များလွန်းတယ်" မကျေနပ်စွာ ခေါင်းယမ်းလိုက်သည်။

စပါးအုံးမြွေ က တောင်ရဲ့ ခြေရင်းဘက်သို့ ဆက်လက်ရွေ့လျားသွားသည်။ သူ့ရဲ့ခန္ဓာကိုယ်က နိမ့်တဲ့ အပင်မျိုးစုံကို ဖိမိကာ သူ့ရဲ့ အမြှီးက ချော်သွားကာ သစ်ပင်များကို အလွယ်တကူ ဖျက်ဆီးပစ်နေသည်။

ကံကောင်းပြီး တောင်ရဲ့ ခြေရင်းက ပတ်လည်ဝိုင်းနေကာ စပါးအုံးမြွေကြီး ရွေ့လျားနေသည့် ဦးတည်ရာက ရှဲ့စန်းရဲ့ ဘယ်ဘက်သို့ ဖြစ်​နေသည်။ အနီးဆုံး နေရာနှင့် ရှဲ့စန်းရဲ့ တည်နေရာ က ခုနစ်မီတာ (သို့) ရှစ်မီတာအကွာတွင် ရှိနေသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now