Chapter 114: Extra Three

5.3K 804 69
                                    

Chapter 114: Extra Three

​ဟောင်ဖန်း သူရဲ့ ဆက်နွယ်သားရဲ ကို ဆက်နွယ်ပြီးတဲ့ နောက်မှာတော့ သူ့အိမ်ကြီး ကို ပြင်ဆင်ဖို့ တစ်ယောက်ယောက် ကို အထူး တောင်းဆိုကာ ပြုပြင်ခဲ့သည်။ ပထမထပ်တွင် မီးဖိုချောင်၊ ထမင်းစားခန်းနှင့် ဧည့်ခန်းမှလွဲ၍ ကျန်အခန်းအားလုံး ကို ဖွင့်ထားပြီး ဧရာမဝံ ပုလွေသားရဲ အတွက် သီးသန့် အိပ်ခန်းအဖြစ် ပြန်လည် ပြင်ဆင်​ပေးထားသည်။ အိပ်ခန်း က ကျယ်ဝန်းပြီး ဗဟို လေအေးပေးစက် တပ်ဆင်ထားတာကြောင့် အချိန်တိုင်း အသင့်​တော်ဆုံး အပူချိန်တွင် ရှိနေသည်။ ဧရာမ ဝံပုလွေသားရဲရဲ့ အိပ်ရာချထားသည့် နံရံတွင် နှင်းဖြူ​ရောင် ကူရှင်တစ်ခုကို ချိတ်ထားခဲ့သည်။

ကုတင်ရဲ့ ညာဘက်ထောင့်တွင် ဗီလာရဲ့ နောက်ဖေးသို့ သွားနိုင်သည့် တံခါးမကြီး တစ်ခု ရှိပြီး ကျယ်ဝန်းတဲ့ ရေကူးကန် တည်ရှိတဲ့ နေရာဖြစ်သည်။ ​ဟောင်ဖန်း က ရေကန် ကို နှစ်ပိုင်းခွဲထားပြီး တစ်ဖက်က သူ့အတွက်ဖြစ်ကာ တစ်ဖက်ကတော့ ဧရာမ ဝံပုလွေသားရဲ အတွက် ဖြစ်သည်။

ရွှယ်ယွဲ့ က ပျော့ပျောင်းတဲ့ ကူရှင်ပေါ်မှ ထကာ သူ့ရဲ့ ရှည်လျားပြီး လှပတဲ့ အ​မွှေး​တွေ ကို လှုပ်ယမ်းကာ နံရံတစ်ဖက်သို့ ပြေး၍ နံရံတွင် ချိတ်ထားတဲ့ မှန်တစ်ချပ် ကို လှမ်းကြည့်လိုက်သည်။

သူ့ကိုယ်ကို အလယ်မှာ ထားကာ သူ့ကိုယ်သူ သေသေချာချာ စူးစမ်း လေ့လာသည်။ သူ့ရဲ့ အ​မွှေး​တွေ က ချောမွေ့​နေသည်၊ သူ့ရဲ့ မျက်လုံး​တွေ က အရမ်းလှပတဲ့ စိမ်းပြာရောင်၊ ဖြစ်ပြီး အရမ်း တက်ကြွ​နေတဲ့ အကြည့် ရှိသည်။ သူ့ရဲ့ ကျေနပ်မှုကို ဖော်ပြခဲ့သည်။

ဧည့်ခန်းမှ သေးငယ်တဲ့ လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာသည်။ သူ့ရဲ့ အ​မွှေး​တွေ ကို ချွန်ထွက်နေတဲ့ နားရွက်​တွေကို လှုပ်ယမ်းကာ လွင့်ထွက်သွား​စေသည်။

​ဟောင်ဖန်း က ဖိနပ်စင်မှ ချည်ဖိနပ်တစ်ရံ ကို ယူလိုက်သော်လည်း ဖိနပ်တစ်ဖက်ကိုသာ ပြောင်းစီးရ​သေးသည်။ ရွှယ်ယွဲ့ က ကြမ်းပြင်ပေါ်တွင် ကျွမ်းကျင်စွာ လူးလှိမ်း​နေကာ ခေါင်းနဲ့ သူ့ကို ပွတ်သပ်​နေကာ နံရံဆီ တွန်းထုတ်လိုက်သည်။ ​

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now