Chapter 31:အဖွဲ့လိုက် ပြိုင်ပွဲ အတွင်း...

5.2K 1K 17
                                    

Chapter 31 : အဖွဲ့လိုက် ပြိုင်ပွဲ အတွင်း.....

ရှဲ့စန်း ၏ လေးယောက်အဖွဲ့သည် ​ရှေ့သို့ လျှောက်သွားကြသည်။ သွားလေလေ၊ အပင်​တွေ ပိုထူလာ​လေဖြစ်သည်။ ကျွန်းသည် မြင့်မားသော သစ်ပင်များဖြင့် ဝန်းရံထားပြီး ​မော့ကြည့်လိုက်ရင် ကောင်းကင်ကို​တောင် မမြင်နိုင်ပေ။ ငှက်များနှင့် အင်းဆက်ပိုးမွှားများအားလုံး၏ ​အော်မြည်သံများ အပြင် တောနက်ထဲ၌ သားရဲများ၏ ဟိန်းဟောက်သံများနှင့် တစ်ခါတစ်​လေ လူတို့၏ အော်သံများ စသည်ဖြင့် အသံ​ပေါင်းစုံ ကို သူတို့ နားထဲတွင် ကြား​နေရသည်။

လူတစ်​​ယောက်​တည်းသာ ရှိလျှင်​ ဤအ​ငွေ့အသက်​သည်​ ​ကြောက်​စရာ​ ကောင်း​နေလိမ့်မည်​။ ရှဲ့စန်း သည် သူ့ရှေ့ရှိ မိုင်နဲ၏ အရပ်မြင့်မြင့် နောက်ကျောကို ကြည့်ပြီး စိတ်သက်သာရာ ရသွားသည်။ မိုင်နဲ သည် သူ့လက်ပတ်ကို ခဏခဏ ဖွင့်ကြည့်​နေပြီး အထဲသို့ မဝင်မီ သူတို့၏ ခြေလှမ်းများကို သတိထားရန် ရံဖန်ရံခါ သတိပေးခဲ့သည်။

မြေပြင်ကို အရွက်​ခြောက် အလွှာများဖြင့် ဖုံးအုပ်ထားသည်။ မြေဆီလွှာသည် စိုစွတ်၍ ပျော့ပျောင်း​နေသည်။ သူတို့နင်းလိုက်တိုင်း နစ်မြုပ်သွားသလို ခံစားရပြီး အဲဒီလို လမ်းလျှောက်ရတာ အရမ်းပင်ပန်း​စေသည်။ ရှဲ့စန်း မောလာသဖြင့် မိုင်နဲ၏ အရှိန်နှင့် လိုက်လျောညီထွေ ဖြစ်အောင် သူ့အသက်ရှုခြင်းကို ထိန်းရန် ကြိုးစားခဲ့သည်။ သူ ပိုင်​ကျောင်း နဲ့ ​လောင်ထန်း ကို ပြန်လှည့်ကြည့်လိုက်သည်။ ပိုင်​ကျောင်း က ချွေး လုံးဝ မထွက်​ပေ၊၊ ​လောင်ထန်း က သူ့လိုပဲ နဖူးတစ်ပြင်လုံး ချွေးတွေထွက်နေသည်။

ရှဲ့စန်း သည် ပိုင်​ကျောင်း ကို မနာလိုစွာကြည့်ကာ ရှေ့သွားမည့်လမ်းကို မျှော်ကြည့်ရင်း သူ့ချွေးများကို သုတ်လိုက်သည်။

"ဝိုး...! အဲဒါ က လှတယ်"

ညာဘက် မနီးမဝေးရှိ စိမ်းစိုနေသော ချုံပုတ်များတွင် ရှည်လျားပြီး လူပုံသဏ္ဌာန် ရှိ​သော အပင်တစ်ပင်ရှိသည်။ စွပ်ပြုတ်ပန်းကန်လုံး အရွယ် ပန်းတစ်ပွင့်သည် အပင်၏ထိပ်တွင် ပွင့်​နေသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now