အခန်း 49- ရောင်းဖို့မဟုတ်ဘူး

5.4K 1K 14
                                    

အခန်း 49- ရောင်းဖို့မဟုတ်ဘူး

ရှဲ့စန်းအဖွဲ့မှ လူငါးဦးသည် ခုနစ်နာရီ မထိုးမီ သူတို့ အရင်နေ့ က ဆင်းသက်ရာ နေရာသို့ ရောက်ရှိခဲ့သည်။ မိုင်နဲ နှင့် လီရုန် သည် ယာဉ်ပျံ ကုမ္ပဏီသို့ သီးခြားစီ ဆက်သွယ်ခဲ့ပြီး တစ်နာရီခွဲ ကြာပြီးနောက်မှာ ယာဉ်ပျံ နှစ်စင်း သည် တစ်ခုပြီး တစ်ခု ရောက်ရှိလာခဲ့သည်။

လီရုန် က ကျေးဇူးတင်ကြောင်း ထပ်ပြောခဲ့ပြီး ရှဲ့စန်းရဲ့ အဖွဲ့သည် သူတို့၏ သီးခြား လေယာဉ်ဖြင့် ပြန်လာခဲ့သည်။

“တောအစပ်က ကားပါကင်မှာ ဆင်းလိုက်ပါ” ရှဲ့စန်း က ယာဉ်​မောင်း .ကို ပြောပြီး​နောက် ​လောင်ထန်း အား

“ကျင်းကျန် ကို ဆက်သွယ်လိုက်။ သူတို့တွေကို သယ်ဖို့ က အနည်းဆုံး လွန်းပျံယာဉ် ခုနစ်စီးလောက် လိုလိမ့်မယ်”

လမ်းပေါ်တွင် ပြေးနေသော အဆင့်မြင့် ဆက်နွယ် သားရဲ အုပ်စုတစ်စု သည် မျက်စိကျစရာ ကောင်းလွန်းလှသည်။ အဲဒီအပြင် သူတို့သည် ကြီးမားကြသည်။ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ရန် လွယ်ကူလှသည်။ ကားနဲ့တိုက်ရိုက် သယ်တာ က အဆင်အပြေဆုံးပဲ။ လင်းယုန်ငှက် က ပျံသန်းနိုင်တဲ့အတွက် စိုးရိမ်စရာ မလို​ပေ။

​လောင်ထန်း က ခေါင်းညိတ်၍ သူ့အဖေကို ဆက်သွယ်လိုက်ပြီး ကျင်းကျန်ရဲ့ အစာကျွေးတဲ့ နေရာကို ငှားချင်တယ် လို့ တိုက်ရိုက်ပြောခဲ့သည်။ တစ်ဖက်က "သူ ဘာလုပ်နေလဲ?" လို့မေးတော့ သူက ပြုံးပြုံးကြီး ပြုံးပြလိုက်သည်။

 “ဆက်နွယ်သားရဲ​တွေ မွေးမလို့! အိုး၊ အဲဒါက ကျွန်​တော့်ရဲ့ ဆက်နွယ်သားရဲ မဟုတ်ဘူး၊ တောထဲမှာ တွေ့တဲ့အကောင်ပဲ” လို့ ပြောပြီး ရှဲ့စန်း ကို “မင်း အလုပ်လုပ်တဲ့ဆိုင်က ဘယ်ခရိုင်ထဲမှာလဲ” လို့ မေးလိုက်သည်။

"အန်ကွမ်း ခရိုင် က ဆိုင်"

​လောင်ထန်း က အဲဒီလိုပြောပြီး “သူတို့ကို သွား​ပြီး ခေါ်ဖို့အတွက် တစ်ယောက်ယောက် ကို လွှတ်လိုက်ပါ။ လွန်းပျံယာဉ်ကြီး အနည်းဆုံး ခုနစ်စီး​လောက်"

ဇိမ်ခံ ဆိုဖာပေါ်တွင် ထိုင်နေတဲ့ လူလတ်ပိုင်း ခပ်ချောချော လူက ရှေ့သို့ အနည်းငယ် ငုံ့ကာ “မင်း ဆိုလိုတာက သူတို့ ခုနစ်​ကောင် ရှိတယ်​ပေါ့”

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now