Chapter 79 : တိုက်ခိုက်ခြင်း!!!

4.1K 774 10
                                    

Chapter 79 : တိုက်ခိုက်ခြင်း!!!

ရှဲ့စန်း က သူတို့ နေချင်တယ် လို့ ပြောပြီးတဲ့နောက် ဝန်ထမ်းက သူတို့ကို ဓာတ်လှေကား ဆီ ခေါ်သွားခဲ့တယ်။

"ငါးထပ်က တည်းခိုခန်းပါ။ ကောင်းသောနေထိုင်မှုလေး ဖြစ်ပါစေ"

မိုင်နဲ နဲ့ လောင်ထန်း တို့က သူတို့ရဲ့ ဆက်နွယ်သားရဲတွေ ကို သူတို့ရဲ့ နေရာလွတ်ဆီသို့ ပြန်ခေါ်ကာ ဓာတ်လှေကားထဲသို့ ဝင်သွားကြသည်။ ဝန်ထမ်းသည် သူတို့အတွက် အပေါ် တက်တဲ့ခလုတ် ကို နှိပ်ပြီးနောက် ဓာတ်လှေကားမှ ထွက်ကာ မူလနေရာသို့ မပြန်မီ သူတို့အပေါ်ထပ် တက်သွားတာ ကို စောင့်ဆိုင်းပေးခဲ့သည်။

လောင်ထန်း က စပ်စုလိုက်တယ်။ "အားစန်း၊ မင်း ဘယ်တုန်းက ကြေငြာချက် ဖတ်လိုက်တာလဲ။ ကမာ ကို ဝယ်ချင်လို့လား"

ဓာတ်လှေကားသည် မျက်စိတစ်မှိတ် အတွင်း ပဉ္စမထပ်သို့ ရောက်သွားသည်။ ရှဲ့စန်း လှည့်ပတ်ကြည့်လိုက်သည်။ ဓာတ်လှေကားရဲ့ ထောင့်လေးထောင့်မှာ စောင့်ကြည့် ကင်မရာတွေ ရှိနေသည်၊

"ငါတို့ နောက်မှပြောမယ်"

သူ ခံစားလို့ရတယ်။ ပထမထပ်မှ ပဉ္စမထပ်အထိ သူရှောင်ယင်နဲ့ တဖြေးဖြေး နီးကပ်လာတာကြောင့် ဓာတ်လှေကားမှ မထွက်ခဲ့ပေ။ ဓာတ်လှေကား ခလုတ်တွေ ကို လှမ်းကြည့်လိုက်သည်။ အမြင့်ဆုံး အထပ်မှာ ၈၈ ထပ်ဖြစ်ပြီး ဖိလိုက်သည်။ တုံ့ပြန်မှု မရှိပေ။

မိုင်နဲ က အနားကို လာပြီး စစ်ဆေးသည်။ "၈၀နဲ့ အထက် ခလုတ်တွေ ကို ခွင့်ပြုချက် လိုတဲ့ အသေးစား စက်လေးတွေ တပ်ထားတယ်"

ရှဲ့စန်း ပြုံးပြီး ၇၉ထပ် ကို တိုက်ရိုက် နှိပ်လိုက်သည်။ ဓာတ်လှေကားက မြန်မြန် တက်သွားသည်။ အထပ် မြင့်လေ၊ ရှဲ့စန်း ညာဘက်ပခုံးရဲ့ အပူချိန် က မြင့်မားလေ ဖြစ်သည်။ ဓာတ်လှေကား ရပ်သွားတဲ့အခါ သူ မသိစိတ်အရ အပေါ်ကို မျှော်ကြည့်လိုက်သည်။ ရှောင်ယင် က ဒီထက် မြင့်တဲ့ နေရာတွင် ရှိနေသေးသည်။

ဓာတ်လှေကား ပွင့်လာပြီး အရပ်မြင့်မြင့် သန်မာတဲ့ လူကြီး နှစ်ယောက် တက်လာတယ်။ တစ်ယောက်က အနက်ရောင် အင်္ကျီပါးပါးလေး ဝတ်ထားတယ်၊ နောက်တစ်ယောက်က အစိမ်းရောင် ၀တ်ထားတယ်။ နှစ်ယောက်စလုံး သည် အောက်ခံ အင်္ကျီမရှိဘဲ ကြယ်သီးတွေ ကို ဖြုတ်ထားသည်။ သူတို့ နှစ်ယောက် က သူတို့ရဲ့ ရင်ဘတ်ပေါ်တွင် ပြင်းထန်ပုံရတဲ့ သားရဲပုံစံတွေ ရှိပြီး၊ သူတို့ရဲ့ လက်မောင်းများတွင် အစိမ်းရောင် တက်တူးများ ထပ်မံ ထိုးထားသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now