Chapter 29.2 : ပြိုင်ပွဲ

5.3K 1K 44
                                    

               Chapter 29.2 : ပြိုင်ပွဲ

မီယာ က မိုင်နဲကို ကြည့်လိုက်သည်။ “ဂျူလော့စ်ကို ဒီဘွဲ့ရ အဖွဲ့လိုက်ပြိုင်ပွဲမှာ ပါဖို့ ငါ စီစဉ်ပေးမယ်။ မင်းတို့ထဲက အဆင့်အို​ကောင်းတဲ့လူ ဘယ်သူဖြစ်ဖြစ် အဲဒါကို ဆက်နွယ်ခွင့်ရလိမ့်မယ်။" သူ ခဏရပ်လိုက်ပြီး "မင်းအနိုင်ရရင် သန်း၂၀ကို ​ကော့စ် မိသားစုက ပေးလိမ့်မယ်။"

"အဖေ!" ဂျူလော့စ်သည် မကျေမနပ် ဖြစ်သွားသည်။

"ဒါ မင်းအဘိုးရဲ့ ဆန္ဒပဲ" မီယာ က သူ့ကိုကြည့်ကာ ​ပြောပြီး​နောက် စွင်း​မောင်း ကိုပြောလာသည်။

"ငွေကို နောက်မှ ငါ့လက်ထောက် က ပေးလိမ့်မယ်။ ဘယ်သူကပဲ အနိုင်ရပါစေ၊ ဆက်နွယ်တဲ့ အခမ်းအနားကို ၉ ရက်နေ့ အဖွဲ့လိုက်ပြိုင်ပွဲ အပြီးမှာ ကျင်းပလိမ့်မယ်။ ဧရာမခြင်္သေ့သားရဲ ကို ​သေချာ ဂရုစိုက်ပါ။ အခကြေးငွေ ကို လက်ထောက်က ညှိနှိုင်းပေးလိမ့်မယ်။”

“ဟုတ်ကဲ့ ” စွင်း​မောင်း ခေါင်းညိတ်လိုက်သည်။

ဒုတိယဗိုလ်ချုပ်ကြီးများ သည် သူတို့၏ သားများနှင့် ထွက်သွားခဲ့သည်။ ရှဲ့စန်း သည် အလွန် ဝမ်းနည်းနေပုံရပြီး တိတ်ဆိတ်နေသော မိုင်နဲကို ကြည့်လိုက်သည်။ သူ နိုင်မှာ ​သေချာသည်။ သူက မိုင်နဲကို မော့ကြည့်လိုက်ပြီး လက်သီးကို ဝှေ့ယမ်းကာ လေသံမာမာနဲ့

“ငါတို့ ချန်ပီယံဆု ရလိမ့်မယ်။ အဲဒါက မင်းရဲ့ ဆက်နွယ်သားရဲဖြစ်​လာလိမ့်​မယ်​!"

မိုင်နဲက သူ့ကို ခဏလောက် စိုက်ကြည့်ရင်း ဆတ်ခနဲ ပြုံးပြပြီး သူ့ဆံပင်ကို မပွတ်သပ်ဘဲ မနေနိုင်တော့​ပေ။

“အဆင်ပြေပါတယ်…တကယ်တော့…” သူ အသံကို အနည်းငယ်လျှော့လိုက်ပြီး  “၆၀ရာခိုင်နှုန်း က နည်းနည်းတော့ နည်းတယ်” ဟု သူက ကူကယ်ရာမဲ့ပြောလာသည်။

“ဒါပေမယ့် အကြီးတန်း ဆက်နွယ်သားရဲတွေက ရှားပါးလွန်းတယ်။ ၅၀ရာခိုင်နှုန်း ကျော်ရှိတဲ့ သူနဲ့တွေ့ရတာ ကံကောင်းတယ်၊ လွတ်သွားမယ် ဆိုရင် နောက်တစ်ခါ ထပ်မ​တွေ့နိုင်တော့ဘူး”

ရှဲ့စန်း နှလုံးခုန်မြန်သွားသည်။ စာအုပ်ထဲတွင် ​လောင်ထန်း နှင့် မိုင်နဲ တို့သည် Sအဆင့် ဆက်နွယ်သားရဲများရှိပြီး အလွန်မြင့်မားသော ဆက်နွယ်မှုနှုန်း ၈၅ရာခိုင်နှုန်းဖြင့် Sအဆင့် ရှိသည်ကို မှတ်မိနေသည်၊ ထို့ကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန် သန်မာလွန်းသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now