Chapter 109: လက်ထပ်ပွဲ

4.6K 758 12
                                    

Chapter 109: လက်ထပ်ပွဲ

ရှဲ့စန်း ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူ့နှလုံးသား က ပြင်းပြင်းထန်ထန် ခုန်နေသည်။ သူ့လက်တွေ ကို ဒူးပေါ်တင်ကာ လက်သီး ဆုပ်ထားသည်။ သူ့မျက်လုံးတွေ က တံခါးကို တည့်တည့် စိုက်ကြည့်နေငည်။

ပိုင်ကျောင်း က တံခါးဆီကို လျှောက်သွားပြီး သူ့ကို စိတ်ချလက်ချ ဖြစ်အောင် ပြုံးပြပြီး တံခါးကို ဖွင့်လိုက်သည်။

ဝမ်းသာအားရ အော်သံတွေနဲ့ အခန်းထဲ ဝင်လာသည်။မိုင်နဲ က ရှေ့ဆုံးတွင် ရပ်နေပြီး လောင်ထန်း၊ ဟောင်ဖန်း ၊ မုလင်း နဲ့ ကုလျှို တို့က အကောင်းဆုံး အမျိုးသားအဖွဲ့ကဲ့သို့ ဖြစ်နေသည်။

ရှဲ့စန်းရဲ့ အာရုံ အားလုံး ကို သူနဲ့ ဆင်တူ အဖြူရောင်ဝတ်စုံ ကို ဝတ်ဆင်ထားတဲ့ မိုင်နဲ က ဆွဲဆောင်သွားခဲ့သည်။ ဝတ်စုံကို ပြီးပြည့်စုံစွာ ချုပ်ထားပြီး မိုင်နဲရဲ့ အရပ်ရှည်တဲ့ အသွင်အပြင် ကို အပြည့်အ၀ ပြသထားသည်။ ဝတ်စုံ အတွင်းပိုင်းရှိ ကော်လာမြင့် ရှပ်အင်္ကျီ က ကြော့ရှင်းပြီး မွန်မြတ်တဲ့ ပုံစံဖြင့် ရှိနေသည်။

ရှဲ့စန်း က သူ့ကို နှုတ်ဆက်ဖို့ အတွက် ထဖို့ စဉ်းစားနေပေမယ့် မိုင်နဲ က သူ့ရှေ့မှာ ရပ်ပြီး ဒူးတစ်ဖက် ထောက်ချလိုက်သည်။ ရှဲ့စန်းသည် မိုင်နဲ မျက်လုံးတွေ အထဲ က အပြုံး ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"စိတ်​လှုပ်​ရှားနေတာလား?"

မိုင်နဲ က သူ့လက်ကို ကိုင်လိုက်ပြီး လက်ခုံ ကို နမ်းလိုက်သည်။

"အရာ အားလုံးကို ကိုယ်နဲ့ လွှဲထားလိုက်ပါ။ စိတ်ပူမနေပါနဲ့"

နမ်းပြီးနောက် မိုင်နဲ က ထရပ်ပြီး အောက်ကို ငုံ့၍ ကောက်ချီကာ ထွက်လာခဲ့သည်။

သူက မိုင်နဲရဲ့ ပခုံး​ ကို ကိုင်​လိုက်​သည်​။

"ကိုယ့်ဘာသာကိုယ် လမ်းလျှောက်လို့ မရဘူးလား"

မုလင်း က တံခါးနားကနေ ရယ်လိုက်သည်။ "အထီး က အမကို ကောက်ချီလိုက်တဲ့ အချိန် ခြေဖဝါး က မြေကြီးနဲ့ ထိသွားရင် သူ့အရည်အချင်း ကို မေးခွန်း ထုတ်ခံရလိမ့်မယ်''

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now