Chapter 81 : လုပ်ဆောင်ချက်

3.9K 785 4
                                    

Chapter 81 : လုပ်ဆောင်ချက်

ရှဲ့စန်း မျက်မှောင်ကြုတ်လိုက်သည်။ အရင် က ဆက်နွယ်သားရဲ ရောင်းတဲ့သူနဲံ ကြုံတုန်း က၊ ဆက်နွယ်သားရဲ တရားမဝင် ရောင်းဝယ်မှု အကြောင်း သိလိုက်တော့ ဒေါသဖြစ်ခဲ့ရသည်။ အခုအခါ ဆက်နွယ်သားရဲတွေ ကို ဖမ်းပြီး အချိန်မရွေး လေလံတင် ရောင်းချရန် အဆင်သင့် ဖြစ်နေကြောင်း သိလိုက်ရတဲ့ အတွက် ဒေါသဖြစ်ခဲ့ရသည်။

"နေလို့ မကောင်းဘူးလား?" မိုင်နဲ က ခါးကို ဖက်ထားရင်း စိုးရိမ်တကြီး မေးလာသည်။

လောင်ထန်း နဲ့ ပိုင်ကျောင်း က တင်းမာတဲ့ ရှဲ့စန်း ကို ကြည့်လာတော့ သူက ခေါင်းခါပြီး “လေလံတင် ခံရမယ့် ဆက်နွယ်သားရဲတွေလည်း ဒီမှာ ရှိတယ်” ဟု တိုးတိုးလေး ပြောလိုက်သည်။

မိုင်နဲ မျက်​ခုံး​တွေ ချက်​ချင်း တွန့်ကွေး​သွားပြီး ​ဒေါသ​တွေ ထွက်​လာတယ်​။

လောင်ထန်း က ဒေါသတကြီးနဲ့ “ဆက်နွယ်သားရဲတွေ က ငါတို့ရဲ့ အဖော်တွေလေ။ ဒါက ဘယ်လို ဖြစ်ရတာလဲ?"

ပိုင်ကျောင်း က မျက်မှောင်ကြုတ်လိုက်သည်။ "အဆင့်မြင့် သားရဲတွေ က နည်းပေမယ့် မှောင်ခိုစျေးကွက်မှာ ရှိတဲ့ ဆက်နွယ်သားရဲတွေရဲ့ စျေးနှုန်း က အကြိမ်တိုင်း တိုးပွားလာတာ။ အန္တရာယ် ရှိရင်တောင် အမြတ်ကိုပဲ မြင်တဲ့သူတွေရှိတယ်။ ဆက်နွယ်သားရဲနွေ က တိုက်ခိုက်တဲ့နေရာမှာ အားကောင်းပေမယ့်လည်း လူသားတွေနဲ့ ရင်ဆိုင်ရရင် သူတို့အနေနဲ့ ခုခံကာကွယ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး”

လောင်ထန်း က သူ့လက်သီး ကို တင်းတင်း ဆုပ်ထားလိုက်ပြီး "သူတို့ကို လေလံတင်ပစ်ချင်နေတာ၊ ဒါကို ငါ ခွင့်မပြုနိုင်ဘူး!"

ပိုင်ကျောင်း က “လေလံဈေးရဲ့ ၉၀ရာခိုင်နှုန်း က ဆက်နွယ်သားရဲ ကုန်သည်တွေဆီ ရောက်သွားလိမ့်မယ်။ သူတို့ က ကြီးမားတဲ့ အမြတ်အစွန်း ကို ရပြီး ပိုလောဘ တက်လာလိမ့်မယ်”

လောင်ထန်း က “ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ တိုက်ရိုက် လုယက်ရမှာလား”

ရှဲ့စန်း လေလံခန်း ကို ကြည့်လိုက်သည်။ ဒီမှာ လူနည်းပေမယ့် အစောင့်တွေ များတယ်။ လေလံပွဲမှာ ဓားပြတိုက်ဖို့ ကြိုးစားခဲ့မယ် ဆိုတာ က မဖြစ်နိုင်သလောက်ပဲ။ လေလံပွဲ စင်မြင့်နဲ့ ပရိသတ် ကြားတွင် အမည်မသိ ပစ္စည်တွေနဲ့ ဖောက်ထွင်း မြင်ရတဲ့ တံတိုင်းတစ်ခုလည်း ရှိသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now