Chapter 108: လက်ထပ်ပွဲ ကြိုတင် ပြင်ဆင်မှု

4.4K 704 10
                                    

Chapter 108: လက်ထပ်ပွဲ ကြိုတင် ပြင်ဆင်မှု

ရှဲ့စန်း က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ထွမ်းထွမ်းရဲ့ စကားကို ဘာသာပြန်ပြလို့ မရနိုင်တာကြောင့် သူက

"ဘာမှ မဟုတ်ပါဘူး၊ သူက ဧရာမ ​ကြောင်မြီးတို သားရဲကို သင်ပေးနေတာ။ ဧရာမ ​ကြောင်မြီးတို သားရဲ က သူ့ရဲ့ သားရဲသခင် ကို ရှာဖွေချင်​နေပြီး လက်စားချေဖို့ ကူညီချင်​နေတာ"

အရပ်ရှည်တဲ့ သက်လတ်ပိုင်း ဆရာဝန်က ပြုံးပြပြီး ဧရာမ ​ကြောင်မြီးတို သားရဲကြီး ကို ကြည့်ကာ ကိရိယာထားတဲ့ အခန်းကို ကြည့်လိုက်သည်။

"သူတို့ကို သပ်သပ်စီ ခွဲပြီး ထိန်းထားသင့်တယ်"

မုလင်း က "ဧရာမ ​ကြောင်မြီးတို သားရဲရဲ့ တုံ့ပြန်မှု ကို ကြည့်လိုက်ရင် ဒါက ဖြစ်သင့် ဖြစ်ထိုက်ပါတယ်" သူ မျက်မှောင် ကြုတ်လိုက်သည်။ "သူက စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု ကင်းမဲ့နေပြီး စိတ်ငြိမ်ဆေး လို​နေတယ်"

ရှဲ့စန်းရဲ့ သဘာဝ​အော်ရာ က သားရဲအပေါ် သက်ရောက်မှု မရှိတာ ပထမဆုံး အကြိမ်ဖြစ်သည်။ ကျယ်လောင်​နေတဲ့ အသံက​နေ ပို၍ တိတ်ဆိတ်သွားပြီး ဧရာမ ​ကြောင်မြီးတို သားရဲကို ကြည့်လိုက်သည်။ သူက သူ့ရဲ့သခင်​ကြောင့် ဒဏ်ရာ ရထားပြီး ဆက်နွယ်တာကို ဖျက်ထားတာ​ကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ က အရမ်း ဆိုးဝါး​နေသည်။

အခုလေးတင်၊ အင်အား အလွန်အကျွံ သုံးကာ ထွမ်းထွမ်းနဲ့ ငြင်းခုံနေခဲ့သည်။

ရှဲ့စန်း က ဧရာမ ​ကြောင်မြီးတို သားရဲကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သားရဲရဲ့ သွေးနီရောင်မျက်လုံး​တွေ က သူ့ဆီ လှည့်လာသည်။ ဧရာမ သားရဲကြီး က ခေတ္တရပ်သွားပြီးနောက် ဖောက်ထွင်းမြင်ရတဲ့ နံရံပေါ်သို့ ခုန်ဆင်းကာ ရှဲ့စန်း ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ ထင်ရှားသည်။ အရင်က သူ့​ကြောင့် ဒဏ်ရာရသွားတာ ကို မှတ်မိနေသေးသည်။

ရှဲ့စန်း လန့်သွားပြီး မသိစိတ် က နောက်ပြန်ဆုတ်သွားသည်။

ထွမ်းထွမ်း က ရှဲ့စန်း အရှေ့ကို ပြေးလာပြီး

{"လူဆိုး​ကောင်၊ နောက်ပြန်ဆုတ်စမ်း! မင်း ဘယ်သူ့ကို ​လာ​ခြောက်နေတာလဲ။ ဒီမှာ တံခါးရှိရင် ငါ ဝင်လာပြီး မင်းကို အသေ သတ်ပစ်မယ် ဆိုတာ ယုံလား? အခု မင်းရဲ့ ဆိုးဝါး​နေတဲ့ အသွင်အပြင် ကို ကြည့်စမ်းပါ၊ မင်း ဘာလို့ ဒီလောက်တောင် ရက်စက်နေတာလဲ"}

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now