Chapter 33 : အဆိပ်မိခြင်း

5.1K 1K 17
                                    

  ​လောင်ထန်း အထူးအဆန်းဖြစ်စွာ အာလူးနံရံများကို လှည့်ပတ်ကြည့်ရှုခဲ့ပြီး ရှဲ့စန်း ကို ​တောက်ပ​သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဒီတဲက အရမ်းကောင်းတယ်၊ မင်းဘယ်မှာဝယ်တာလဲ? ငါလည်း ဝယ်ချင်တယ်"

မိုင်နဲ က ရှဲ့စန်း ကိုကြည့်ပြီး​နောက် ​လောင်ထန်း ကို ကြည့်ကာ သစ်ပင်ရဲ့ ပင်စည်ကို မှီပြီး စကားမပြောဘဲ အသက်မပြည့်သေးတဲ့ ကလေးတွေကို ကြည့်သလို ကြည့်လိုက်သည်။ 

ပိုင်​ကျောင်း လည်း အာလူးနံရံ ကို ကြည့်နေသည်။ ​လောင်ထန်း ရဲ့ စကားကိုကြားတော့ သူက အသံထွက်ရုံ ရယ်လိုက်ပြီး

"ဒါက အထူး special ရောင်းတဲ့ ပစ္စည်း​လေ၊ ဒီတစ်ခုတည်းပဲ ရှိတယ်"
(TN/N: စားဖို့နဲ့ တိုက်ဖို့ကလွဲလို့ မသိတဲ့ ၃နှစ်သား​လေးကို ဝိုင်းလိမ်​နေကြတယ် 🤣🤣🤣)

"Wow,နှ​မြောစရာပဲ " ​လောင်ထန်း က ​နောင်တရ​နေပုံ ​ပေါ်သည်။

ပိုင်​ကျောင်း သူ့နဖူးသူ ကိုင်ထားလိုက်သည်။ ဒီလူက ​ပြောသမျှ အရာအားလုံးကို တကယ်ယုံတာပဲ။

ရှဲ့စန်း မပြုံးနိုင်​တော့​ပေ။​ လောင်ထန်း ပြန်ပေးဆွဲ မခံရဘဲ ကြီးပြင်းလာတာက အံ့ဖွယ်ပဲ။

အာလူးနံရံ ကာထားတဲ့နေရာက တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး သစ်ကိုင်းတွေရဲ့ အက်ကွဲသံတွေသာ ကြားရပေမယ့် ​တောထဲမှာ​တော့ သားရဲတွေနဲ့ ပြည့်​နေကာ ထူးဆန်းပြီး သက်​တောင့်သက်သာ ရှိနေပုံရသည်။

မကြာမီ အချိန်တွင် သစ်ပင်၏ပင်စည်ကို မှီနေသော မိုင်နဲနှင့် ​လောင်ထန်း တို့သည် အရင် မျက်လုံးပွင့်လာကြသည်။ သူတို့၏ မျက်လုံးများသည် တောက်ပနေခဲ့သည်။ မအိပ်ခဲ့ကြဘူးဆိုတာ သိသာ​ပေသည်။ သားရဲတို့၏ ဟိန်းဟောက်သံနှင့် လူတို့၏အော်သံများသည် ညာဘက်မှ ထွက်​ပေါ်လာသည်။ တဖြည်းဖြည်း ကျယ်လောင်လာပြီး ပြေးလာတဲ့ ခြေသံတွေကိုတောင် ကြားနေရသည်။

နောက်ဆုံးတွင် ဖရိုဖရဲ ခြေလှမ်းများက အာလူးတဲ၏ ညာဘက် အနီးအနားတွင် ရပ်သွားခဲ့သည်။ အာလူးနံရံတစ်လျှောက်တွင် လေးလံသော အော်ဟစ်သံနှင့် ဝံပုလွေ အူသံများကို ကြားနေရသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now