Chapter 68 :အိမ်ရှင်

4.9K 830 14
                                    

Chapter 68 :အိမ်ရှင်

ရှဲ့စန်း မှတ်ချက်​တွေ ကို ကြည့်လိုက်​တော့ Starnet မှာ ​ကော့စ် မိသားစုနှင့်ပတ်သက်ပြီး အဆင်မပြေတဲ့ မှတ်ချက်​တွေ ပြည့်နှက်နေတာ ကို တွေ့ရသည်။

သူနည်းနည်းတော့ ပဟေဌိဖြစ်သွားသည်။ 

“​ကော့စ် မိသားစု က အမှန် တကယ် သတင်းပေါက်ကြားတာ ကို မတားမြစ်ဘူးလား၊ သူတို့မိသားစုနဲ့ ပတ်သက်ပြီး ဒီလို အဆင်မပြေတဲ့ ဇာတ်လမ်းမျိုး ကို ခွင့်ပြု​လေ့ မရှိဘူးလေ၊ ထူးဆန်းတယ်”

မိုင်နဲက သူ့အကြည့်ကို ကြည့်ပြီး ပေါ့ပေါ့ပါးပါးရယ်သည်။ “ကိုယ် သတင်းဖြန့်ခဲ့တာ” ဟု အေးစက်စက် မျက်လုံးများဖြင့် ပြောသည်။ "ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး!"

ရှဲ့စန်း က သူ့ကို အံ့အားသင့်စွာ ကြည့်ပြီးနောက် လက်မ ထောင်ပြလိုက်သည်။ “ဥာဏ်​ကောင်းတယ်၊ ​ကော့စ် မိသားစုက မင်း သတင်းဖြန့်တာ သိမှာလား"

“မသိဘူး၊ ကိုယ် accနာမည် က အမည်မသိဖြစ်ပြီး IP က ရှုပ်ယှက်ခတ်နေတာကြောင့် ခြေရာခံလို့ မရဘူး"

ရှဲ့စန်း က "မင်း က အံ့သြစရာပဲ!"

မိုင်နဲ က “တကယ်တော့ မဟုတ်ပါဘူး။ သူတို့ ဒီလို အရာတွေကို ဘယ်လို ကိုင်တွယ်လဲဆိုတာ ကိုယ်သိတယ်၊ သူတို့ လိုချင်တာ ကို ရသွားမှာ ကိုယ် မလိုချင်ဘူး”

ရှဲ့စန်း မှတ်ချက်​တွေ ကြည့်ပြီး​နောက် ကြည့်စရာ သိပ်မရှိဟု ဆုံးဖြတ်ကာ ပင်မ သတင်း စာမျက်နှာ သို့ ပြန်သွားခဲ့သည်။

 “စစ်ခုံရုံးက ဆိုရီယာ ကို ဘယ်လို ပြစ်ဒဏ်ပေးမှာလဲ” ဟု စပ်စုပြီး မေးလိုက်သည်။

မိုင်နဲ က “ကော့စ်မိသားစု က အခု အချိန်မှာ မီးမောင်းထိုးပြစရာ ဖြစ်နေတယ်။ ဆိုရီယာ့ လုပ်ရပ်တွေရဲ့ သက်ရောက်မှု ကို လျှော့ချဖို့၊ သူတို့က ဆိုရီယာ ကို သေချာပေါက် ကာကွယ်မှာ မဟုတ်ဘူး၊ သူ့ကို ဖယ်ရှားပစ်ချင်လိမ့်မယ်”

 ထိုသို့ အတွေးမျိုး ရှိနေသရွေ့ ဤနည်းဖြင့် ဖြေရှင်းဖို့ မစဉ်းစားခဲ့ရင်​တောင် တွေးတော့တွေးမိစေမည် ဖြစ်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now