Chapter 41 : တတိယ​မြောက် အပင်

5.5K 1K 10
                                    

Chapter 41 : တတိယ​မြောက် အပင်

မိုင်နဲရဲ့ နှုတ်ခမ်းထောင့်​က အနည်းငယ်​​ ကွေးညွတ်​သွားပြီး ပြုံးပြုံး​လေးနဲ့ သူ့ကို ကြည့်​​နေသည်။

" ငါက မင်းကို အစ်ကိုလို့ ​ခေါ်ရမယ်​ပေါ့ ?"

ရှဲ့စန်း အန္တရာယ် အရိပ်အမြွက်ကို ခံစားလိုက်ရပြီး ချက်ချင်း လန့်သွားသည်။ နားမလည်နိုင်စွာနဲ့ ​ရေရွတ်ကာ ​ပြောလိုက်​သေးသည်။

"ငါ က မင်းထက် အသက်ကြီးတာမို့လို့ မင်း ငါ့ကို အဲဒီလို ခေါ်သင့်တယ်"

မိုင်နဲ လက်​ကိုဆန့်ကာ ​သူ့ခေါင်းကို ပွတ်​သပ်​လိုက်​သည်​။ သူ့လေသံက သူ့အတွေးတွေကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပြီး

"ဘယ်လိုမှ မဖြစ်နိုင်ဘူး"

"ဖယ်စမ်းပါ" ရှဲ့စန်း ခေါင်းကို စောင်းကာ သူ့လက်မှ လွှတ်​အောင် လုပ်လိုက်သည်။ "ဘာမဆို ဖြစ်နိုင်တယ်၊  ငါ အခုကတည်းက မင်းကို သေချာပေါက် ခေါ်ခိုင်းရမယ်!"

မိုင်နံ၏ မျက်​လုံးထဲတွင်​ အပြုံးတစ်​ခု ပေါ်လာသည်​။

 "အဲဒါ က မင်းအပေါ်မှာ မူတည်တယ်​လေ"

ရှဲ့စန်း က မျက်လုံးကို လှိမ့်လိုက်​သော်လည်း လောလောဆယ် အကြံကောင်း မတွေးနိုင်သဖြင့် "မင်းမွေးနေ့က ဘာလဲ" ဟု မေးလိုက်သည်။

"၂၅ ရက်နေ့"

"Wow၊ ငါက မင်းထက် တစ်လတိတိ အသက်ကြီးတာပဲ"

သူတို့နှစ်ယောက် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောကြပြီး မကြာမီ ညစာက အဆင်သင့်ဖြစ်နေပြီ။ ဧည့်ခန်းထဲမှာ ထိုင်ပြီး ညစာစားရင်း ရှဲ့စန်း က လှည့်ပတ်ကြည့်လိုက်သည်။ 

"ငှက်​လေး က ဘယ်မှာလဲ?"

"ဒီနေ့ နေ့လည်က အပြင်ကို ပျံပြီး ထွက်သွားတယ်၊ စားစရာ သွားရှာတာ ဖြစ်မယ်" မိုင်နဲ က တကယ် ဂရုမစိုက်ခဲ့​ပေ။

"မင်း သူစားဖို့ ဘာမှ မပေးခဲ့ဘူးလား"

မိုင်နဲက ခေါင်းခါသည်။ "ရေခဲသေတ္တာ တစ်ခုလုံး ​ပေးရင်​တောင် သူ့အတွက် ဗိုက်မဝဘူး"

ရှဲ့စန်း အံ့အားသင့်သွားသည်။ ငှက်​လေးက အကြီးစားစားသူ ဖြစ်ကြောင်း မနေ့က သူသိခဲ့သော်လည်း ဒီ​လောက် အံ့သြစရာ ကောင်းလိမ့်မယ် ဟု သူ မမျှော်လင့်ခဲ့ပေ။ စားတဲ့ ပမာဏက ဖိသတ်ပစ်လို့ ရနိုင်သည်။ ဒီလိုမျိုး သူ ဘယ်လိုလုပ် စားနိုင်တာလဲ ဆိုတာ သူမသိ​​ချေ။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now